AD
AD
AD
play

 

ယနေ့ညနေ ၃ နာရီ ၃၀ မိနစ်အချိန်မှာ M-150 ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် မြန်မာယူ-၂၃ အသင်းနဲ့ ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

play

 

M-150 ဖလားကို ဆွတ်ခူးရရှိတဲ့အသင်းဟာ ဆုကြေးငွေ ဒေါ်လာ ၂ သောင်း ရရှိမှာဖြစ်ပြီး မြန်မာယူ-၂၃ အသင်းရဲ့နည်းပြ ဂတ်ဖရိုင်းဒရစ်က အဖွင့်ပွဲစဉ်မှာ ရှုံးနိမ့်လို့မဖြစ်ဘဲ အနိုင်ရရှိအောင် ကစားသွားဖို့ ပြောကြားထားပါတယ်။

"ပထမဦးဆုံးအနေနဲ့ ဒီပြိုင်ပွဲကို ဖိတ်ကြားပေးတဲ့အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကိုယ်စား ထိုင်းဘောလုံးအဖွဲ့ချုပ်ကိုကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။ ကျွန်တော်တို့အသင်းက အာရှ ယူ၂၃ ခြေစစ်ပွဲကိုမအောင်ခဲ့ဘူး။ ဒါပေမယ့် ဒီပြိုင်ပွဲမှာတော့ ခြေစစ်ပွဲအောင်ခဲ့တဲ့အသင်းတွေနဲ့ ပြိုင်ဆိုင်ရမှာဖြစ်တဲ့အတွက် စိန်ခေါ်မှုကောင်း တစ်ရပ်ဖြစ်ပါတယ်"

play

 

"အခုလက်ရှိ မြန်မာယူ၂၃အသင်းက ပြီးခဲ့တဲ့ ဆီးဂိမ်းတုန်းကအသင်း မဟုတ်ပါဘူး။ ကစားသမားအချို့ပြန်ပါပြီး လူငယ်ကစားသမားအများစုကိုထပ်မံခေါ်ယူ ဖွဲ့စည်းထားတဲ့ အသင်းသစ်တစ်သင်းပါ။ ဒီအသင်းမှာ ယူ၁၈အသင်းက ကစားသမား (၆)ယောက်ထိရွေးချယ်ထားပါတယ်။ ဒီကစားသမားတွေက မြန်မာအသင်းရဲ့ အနာဂတ်မှာ အားထားရတဲ့ ကစားသမားတွေဖြစ်လာမှာပါ"

"ထိုင်းလိဂ်က အာဆီယံကစားသမားခေါ်ယူခွင့် ပြုခဲ့တာကြောင့် ဒီပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်တဲ့ မြန်မာကစားသမားတွေအနေနဲ့ ထိုင်းကလပ်တွေမှာ ကစားဖို့အခွင့်အလမ်းပေါ်ပေါက်လာနိုင်ပါတယ်။ ဒါဟာ သူတို့အတွက် ကောင်းမွန်တဲ့ လှုံ့ဆော်မှုတစ်ခုပါ။ ကျွန်တော်တို့အသင်းရဲ့ အားထားရတဲ့ ကစားသမားတစ်ယောက်ဖြစ်တဲ့ အောင်သူဟာလည်းအခုဆိုရင် ထိုင်းလိဂ်မှာ အခြေချ ကစားတော့မှာပါ။ အောင်သူလိုပဲ မြန်မာကစားသမားတွေအနေနဲ့ မြန်မာကလပ်အသင်းတွေမှာသာမက နိုင်ငံတကာအဆင့်ထိ ထိုးဖောက်နိုင်မယ်ဆိုရင် သူတို့တစ်ဦးချင်းစီ အတွက်သာမက နိုင်ငံ့လက်ရွေးစင်အသင်းကြီးအတွက်ပါ အကျိုးရှိစေမှာပါ"လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

play

 

ယနေ့ယှဉ်ပြိုင်ကစားရမယ့် မြန်မာယူ-၂၃ အသင်းနဲ့ ဗီယက်နမ်အသင်းတို့ရဲ့ပွဲစဉ်ကို ဘူရူရမ်အသင်းရဲ့ I-Mobile ကွင်းမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

Source & Photos: MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD