AD
AD
AD

ယနေ့ည ၇ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာယူ-၂၃ အသင်းနဲ့ ဥဇဘတ်ကစ္စတန်ယူ-၂၃ အသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက် ၂ ဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

play

 

မြန်မာအသင်းဟာ ယနေ့ပွဲစဉ်မှာ ဗီယက်နမ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က လူစာရင်းအတိုင်း ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ သန်းပိုင်ကို ပြောင်းလဲအသုံးပြုခဲ့ပါတယ်။ ပွဲစတင်ချိန်ကတည်းက မြန်မာအသင်းက ကစားကွက်အချိတ်အဆက်မိမိနဲ့ ကစားနိုင်ခဲ့ပြီး မိနစ် ၂၀ မှာ စည်သူအောင်က မြန်မာအသင်းအတွက် အဖွင့်ဂိုးကို စတင်သွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်း ပြီးဆုံးခါနီး ၄၅ မိနစ်မှာ ဥဇဘတ်အသင်းရဲ့ကစားသမားတစ်ဦး ကစားပုံကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာ ဥဇဘတ်အသင်းဟာ တစ်ယောက်လျော့နဲ့ မြန်မာအသင်းကို ယှဉ်မကစားနိုင်ခဲ့ဘဲ ခံစစ်ကိုသာ အားပြုကစားခဲ့ရတာကို တွေ့ရပါတယ်။ ၇၅ မိနစ်မှာ မြန်မာအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို လွင်မိုးအောင်က သွင်းယူပေးခဲ့ပါတယ်။ ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေတဲ့အတွက် မြန်မာအသင်းရဲ့နည်းပြ ဂတ်ဆီဇီဟာ ခြေစွမ်းပြသနေတဲ့ စည်သူအောင်ကို လူစားလဲစေပြီး အနားပေးခဲ့တာကို တွေ့ရပါတယ်။

play

 

ကစားအားလျှော့ချလိုက်တဲ့ မြန်မာအသင်းကို ဥဇဘတ်ကစ္စတန်အသင်းက တရစပ်တိုက်စစ်ဆင် ဖိအားပေးလာခဲ့ပြီး ဒုတိယပိုင်းပြီးဆုံးခါနီး ၈၈ မိနစ်မှာ ပထမဆုံးချေပဂိုးတစ်ဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ ပွဲကစားချိန်ပြည့်တဲ့ မိနစ် ၉၀ မှာ မြန်မာအသင်းရဲ့ကစားသမား ရန်နိုင်ဦး ဥဇဘတ်အသင်းရဲ့ကစားသမားကို ဂိုးစည်းအစပ်မှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကို ကွင်းလယ်ဒိုင်က အငြင်းပွားဖွယ်ရာ ပင်နယ်တီကန်ဖို့ ဆုံးဖြတ်ခဲ့ပြီး ပင်နယ်တီသွင်းဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် ပွဲပြီးဆုံးချိန်မှာ တစ်ဖက် ၂ ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။

Photos: MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD