AD
AD
AD

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်နဲ့ Thanh Nien သတင်းစာတို့ ပူးပေါင်းပြီး ကျင်းပတဲ့ ဗီယက်နမ်ယူ-၂၁ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ယနေ့ကနေ ၂၂ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ ကန်တိုမြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ယနေ့မှာတော့ မြန်မာယူ-၂၁ အသင်းနဲ့ ဗီယက်နမ်ယူ-၁၉ အသင်းတို့ဟာ အဖွင့်ပွဲစဉ်ကို ညနေ ၃ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

play

 

ယင်းဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာယူ-၂၁ အသင်း၊ ဗီယက်နမ်ယူ-၂၁ အသင်း၊ ဗီယက်နမ်ယူ-၁၉အသင်း၊ ထိုင်းယူ-၂၁ အသင်းနဲ့ ဂျပန်ကလပ် ယိုကိုဟားမားယူ-၂၁ အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ အုပ်စုပတ်လည်ပုံစံနဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး အုပ်စုပထမနဲ့ဒုတိယအသင်းတို့က ဗိုလ်လုပွဲ၊ တတိယနဲ့ စတုတ္ထနေရာကအသင်းတို့ကတော့ တတိယနေရာလုပွဲ ကစားသွားရမှာဖြစ်ပါတယ်။

play

 

ယခုဖိတ်ခေါ်ပြိုင်ပွဲကို ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၀၇ ခုနှစ်ကတည်းက နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်က မြန်မာလူငယ်အသင်းဟာ တတိယနေရာလုပွဲမှာ မလေးရှားလူငယ်အသင်းကို ၁ ဂိုး ၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

Source & Photos: MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD