တရုတ်တိုင်ပေနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မယ့် အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု မဲခွဲမှုတွေကို ပြုလုပ်အပြီးမှာတော့ မြန်မာအသင်း ဟာ အုပ်စု (ဂ) မှာ ကျရောက်နေပါတယ်။

play

 

မြန်မာအသင်းအနေနဲ့ ယခုလို အာရှအဆင့် ပြိုင်ပွဲကို သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် ၀င်ရောက်ခွင့်ရတာလည်း ဖြစ်ပါတယ်။

play

 

မြန်မာအသင်း အုပ်စုမှာတော့ လက်ရှိချန်ပီယံ အီရန်၊အီရတ်နဲ့ တရုတ်အသင်းတို့ ပါဝင်နေတာကြောင့် မြန်မာအသင်းအတွက်တော့ ခက်ခဲမှာ အမှန်ပင်။

play

 

ဒါ့အပြင် အီရန်အသင်းဟာ အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ၁၁ ကြိမ်အထိ ရယူထားကာ အကြိမ်အများဆုံး ရယူထားနိုင်တဲ့ အသင်းလည်း ဖြစ်ပါတယ်။

ကျင်းပပြုလုပ်ခဲ့တဲ့ ၁၄ ကြိမ်မှာတော့ အီရန်အသင်းက ၁၁ ကြိမ် ဂျပန်အသင်းက ၃ ကြိမ် ရွှေတံဆိပ်ဆုတွေကို ရယူထားပြီး အခြား ရွှေတံဆိပ် ဆွတ်ခူးထားနိုင်တဲ့ နိုင်ငံမရှိပဲ ဥဇဘတ်ကစ္စတန်အသင်းက ငွေတံဆိပ် ၄ ခု၊ထိုင်းအသင်းက ငွေတံဆိပ် ၂ ခုတောင်ကိုရီးယားနဲ့ ကာဇက်စတန်အ သင်းတို့က ငွေတံဆိပ် ၁ ခုစီသာ ရယူထားနိုင်ခဲ့ပါတယ်။

မြန်မာအသင်းအနေနဲ့ကတော့ ယခုနှစ်မှသာ အာဆီယံ ချန်ပီယံရှစ် ၂၀၁၇ ပြိုင်ပွဲမှာ တတိယဆုရရှိခဲ့တာကြောင့် ၀င်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး မြန်မာအသင်းအနေနဲပ ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် တရုတ်နိုင်ငံကိုသွားရောက်လေ့ကျင့်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။

Photos- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video