ယနေ့ ညနေ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာ ယူ-၂၁ အသင်းနဲ့ ဗီယက်နမ် ယူ-၁၉ အသင်းတို့ ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

play

မြန်မာအသင်းမှာ ဆီးဂိမ်းအကြိုပြင်ဆင်တဲ့အနေနဲ့ ယခုအသင်းကို ဖွဲ့စည်းပြီး ပြိုင်ပွဲဝင်နေတာလည်း ဖြစ်ပါတယ်။

မြန်မာ ယူ-၂၁ အသင်းအနေနဲ့ စုစည်းလေ့ကျင့်ချိန်နည်းပါးတာကြောင့် ယခုပြိုင်ပွဲအတွက် အဆင်သင့်မဖြစ်သေးဘူးလို့ နည်းပြချုပ်က ပြော ကြားထားခဲ့သလိုပဲ ယနေ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ သက်တမ်းငယ်တဲ့ ဗီယက်နမ် ယူ-၁၉ အသင်းကိုအသာစီး မကစားနိုင်ခဲ့ပဲ ဖြစ်ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပြီးနောက် ဒုတိယပိုင်းပြန်လည်စတင်ချိန် ၄၉ မိနစ်အရောက်မှာတော့ အီစိုးရဲ့ ဦးဆောင်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် လည်း ၈၁ မိနစ်မှာတော့ဗီယက်နမ် ယူ-၁၉ အသင်းက ခေါင်းတိုက်သွင်းဂိုးမှတဆင့် ချေပဂိုးပြန်လည်ရရှိခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်းသည် လက်ကျန်ပွဲစဉ်များအဖြစ် ဗီယက်နမ် ယူ-၂၁ အသင်း၊ ထိုင်း ယူ-၂၁ အသင်း၊ ယိုကိုဟားမား အသင်းတို့နှင့် အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားရဖို့ရှိနေသေးပြီး အုပ်စု ပထမနှင့် ဒုတိယအသင်းတို့သည် ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ အုပ်စု တတိယနှင့် စတုတ္တအသင်းတို့သည် တတိယနေရာလုပွဲ ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

ဒုတိယပွဲစဉ်အဖြစ် ထိုင်း ယူ-၂၁ အသင်းနဲ့ ဆက်လက် ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

Photos- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video