AD
AD
AD

၂၀၁၈ ခုနှစ်မှာကျင်းပမယ့် MPT Myanmar National League အတွက် ကလပ်အသင်းများကိုယ်စီ ကစားသမားဖြည့်တင်းမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

play

 

လက်ရှိမှာ ကစားသမား အေးဂျင့်လုပ်ငန်းများဆောင်ရွက်နေတဲ့ မြန်မာစပယ်ရှယ်မှ ပြည်ပ ထိပ်တန်းကစားသမားတစ်ဦးဖြစ်တဲ့ တစ်ချိန်က စီရော်နယ်ဒို၊နာနီတို့နဲ့ အတူတွဲကစားခဲ့ဖူးတဲ့ ပေါ်တူဂီလူမျိုးကစားမားတစ်ဦးကို မြန်မာနေရှင်နယ်လိဂ်ကို ရောက်ရှိလာဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

play

 

"သူက ပေါ်တူဂီ ယူ ၂၀၊ ယူ ၂၁ အသင်းတွေမှာ စီရော်နယ်ဒို၊ နာနီ တို့ နဲ့ အတူ ကစားခဲ့တဲ့ တိုက်စစ်မှူး ဂျိုးမော်ရီယာ ပါ။သူ ၂၀၀၇- ၀၈ စပိန်ကလပ် ဗလင်စီယာ ကိုပြောင်းရွှေ့စဉ်က  ယူရို ၁.၂ သန်းကျော်အထိ ပြောင်းရွှေ့ကြေးပေါက်ခဲ့ပါတယ်။သူ နောက်ဆုံး ကစားခဲ့တာက နယူးဇီလန် ပရီးမီးယားလိဂ်မှာပါ။" လို့ မြန်မာစပယ်ရှယ် စီအီးအို ဦးရဲနိုင်ဝင်းက ၎င်းရဲ့ တရားဝင် လူမှုစာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

၎င်းအနေနဲ့ တောင်အာဖရိက ရဲ့ အော်လန်ဒို ပိုင်းရိတ် ကို ပြန်ပြောင်း မယ့်အချိန်မှာ ကလပ် နဲ့ အေးဂျင့် ကြားနားလည်မှု လွဲသွားပြီး စာချုပ်ချုပ်
ခါနီးမှ ပျက်ခဲ့လို့ အသင်းမရှိဖြစ်နေတာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် အီတလီနိုင်ငံဘက် က ကလပ်အသင်းအချို့ရဲ့ကမ်းလှမ်းမှုကို ရရှိထားတယ်လို့လည်း သိရပြီး မြန်မာစပယ်ရှယ်အနေနဲ့ မြန်မာနေရှင် နယ်လိဂ်မှ ကလပ်အသင်း ၂သင်းကို ၎င်းရဲ့ ပရိုဖိုင်များ တင်ပြထားတယ်လို့လည်းသိရပါတယ်။

"သူ့ကို မြန်မာ ကလပ် ၂ သင်းလောက် ကို ပြထားပါတယ်။ မြန်မာကလပ်တွေပေးနိုင်မယ့် လစာ ကိုပြောပြထားပြီး ၊ 
trial( ခြေစွမ်းစမ်းသပ်ခံ) လာပေးဖို့ အထိ ကျွန်တော် စည်းရုံးထားတယ်။ သူ မြန်မာပြည် ရောက်၊ မရောက်က ကလပ်တွေရဲ့ သဘောထား
ဖြစ်ပေမယ့် ယူရို သန်းချီတန်အပြောင်းအရွှေ့ ဖြစ်ခဲ့တဲ့ ကစားသမားတစ်ဦးကို mandate ထိုးနိုင်ခဲ့တဲ့ အတွက် မြန်မာ စပါယ်ရှယ် 
အနေ နဲ့ ဂုဏ် ယူမိပါတယ်။" လို့လည်း ဦးရဲနိုင်ဝင်းက ဆက်လက်ပြောထားခဲ့ပါတယ်။

မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရှမ်းယူနိုက်တက်အနေနဲ့လည်း ယခင်က အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အသင်းများဖြစ်တဲ့ ဟားစီးတီး၊ကျူပီအာတို့မှာ ကစားဖူးတဲ့ တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူခဲ့ဖူးတဲ့ အစဉ်အလာ ရှိခဲ့ပါတယ်။

Source- Ye Naing Win Facebook Page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD