AD
AD
AD

ယနေ့ ညနေ မြန်မာစံတော်ချိန် ၃ နာရီခွဲအချိန်က ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်းနဲ့ ထိုင်း ယူ-၂၁ အသင်းတို့ ပွဲစဉ်တွင် မြန်မာအသင်းက ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

မြန်မာအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို  ဟိန်းထက်အောင်က ပထမပိုင်း ပွဲကစားချိန် ၃၆ မိနစ်အရောက်မှာ တောင်ပံ ကစားသမား အီစိုးရဲ့ ဖြတ်တင်ဘောကို ပိတ်သွင်းရယူပေးခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ အဖွင့်ပွဲစဉ်မှာ ဗီယက်နမ် ယူ-၁၉ အသင်းကို သရေသာ ကစားထားနိုင်ခဲ့လို့ ဗိုလ်လုပွဲကစားရနိုင်ရေးအတွက် လက်ကျန်ပွဲ တွေကို အနိုင်ရရှိအောင်ကစားဖို့လိုတာကြောင့် ယနေ့ပွဲမှာ အကောင်းဆုံး ကစားသွားခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

ထိုင်းအသင်းကတော့ ယခုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ရေး ရည်မှန်းပြီး လာရောက်ယှဉ်ပြိုင်ကစားတာလည်း ဖြစ်ကာ မြန်မာအသင်းဖက်ကို ဘောလုံး ပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။။

မြန်မာအသင်းအနေနဲ့ ထိုင်းအသင်းဖက်ကို အကောင်းဆုံး တန်ပြန်တိုက်စစ်တွေနဲ့ ကစားသွားခဲ့ပြီး အခွင့်အရေးကို အပြည့်အ၀ အသုံးချနိုင်ခဲ့လို့ အခုလို အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒုတိယပိုင်း ၆၈ မိနစ်ခန့်မှာလည်း မြန်မာအသင်း ဂိုးထပ်မံရရှိမယ့်အခွင့်အရေး ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ထိုင်းဂိုးသမား ဂိုးစည်းအပြင်ဖက်ထွက်ပြီး လက်နဲ့ ပုတ်ထုတ်ခဲ့လို့ ကွင်းလယ်ဒိုင်က ထိုင်းဂိုးသမားကို အနီကဒ်ပြ ထုတ်ပယ်ခဲ့ပါတယ်။

လက်ကျန်မိနစ်တွေကိုတော့ ထိုင်းအသင်းက တစ်ယောက်လျော့နဲ့ တန်ပြန်ကစားသွားခဲ့ပြီး ချေပဂိုးပြန်လည်ရရှိရေး ကြိုးပမ်းခဲ့ပေမယ့်လည်း မြန်မာအသင်းက အနိုင်ဂိုးကိုထိန်းသိမ်းသွားခဲ့တာကြောင့် ပွဲအပြီးမှာ မြန်မာ ယူ-၂၁ အသင်းက ထိုင်း ယူ-၂၁ အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ ပါတယ်။

မြန်မာအသင်းအနေနဲ့ ယခုပွဲအနိုင်ရခဲ့တာကြောင့် နှစ်ပွဲကစား တစ်ပွဲနိုင် တစ်ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားကာ လာမယ့် ဒီဇင်ဘာ ၁၆ ရက်မှာ ဗီယက်နမ် ယူ-၂၁ အသင်းနဲ့လည်းကောင်း၊ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ဂျပန်ကလပ် ယိုကိုဟားမား အသင်းနဲ့လည်းကောင်း အသီးသီး ဆက်လက် ကစားသွားရမှာလည်း ဖြစ်ပါတယ်။

ယခုပြိုင်ပွဲမှာ အသင်း ၅ သင်းပတ်လည်စနစ်နဲ့ကစားစေတာဖြစ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှ နှစ်သင်းမှာ ဗိုလ်လုပွဲကစားရမှာ ဖြစ်ပြီး တတိယနဲ့ စတုတ္ထနေရာမှာ အသင်းတို့မှာ တတိယနေရာလုပွဲထပ်မံကစားရမှာလည်း ဖြစ်ပါတယ်။

Photos- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD