လာမယ့် ၂၀၁၈ MPT Myanmar National League ပြိုင်ပွဲတွင် လိဂ်(၁)အဆင့်ပွဲစဉ်တွေကို အသင်း (၁၂)သင်းနဲ့ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

play

 

ယမန်နှစ်ဘောလုံးရာသီအပြီးမှာ အသင်းဖျက်သိမ်းသွာခဲ့တဲ့ နေပြည်တော်၊ချင်းယူနိုက်တက်အသင်းတို့နေရာမှာ လိဂ်(၂)မှ တန်းတက်လာခဲ့တဲ့ မြ၀တီနဲ့ မဟာယူနိုက်တက်အသင်းတို့ အစားထိုးယှဉ်ပြိုင်ခွင့်ရမှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် တန်းတက်လာခဲ့တဲ့ မဟာယူနိုက်တက်အသင်းအနေနဲ့ အိမ်ကွင်းအဖြစ် ယခင် ဇေယျာရွှေမြေအသုံးပြု ယှဉ်ပြိုင်ခဲ့တဲ့ မုံရွာမြို့ ဘောလုံးကွင်းကို ပြန်လည်အသုံးပြုမှာ ဖြစ်သလို အသင်းနာမည်ကိုလည်း ကိုယ်စားပြု တိုင်းေးဒသကြီး စစ်ကိုင်းယူနိုက်တက်တို့ ပြောင်းလဲ ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

"ကျွန်တော်တို့အနေနဲ့ မုံရွာက ပရိသတ်တွေကနေတဆင့် ဘောလုံးပွဲငတ်နေတယ်ဆိုတဲ့အသံတွေကြားနေရတယ်။ဒါကြောင့်ဥက္ကဋ္ဌကလည်း မုံရွာ မှာ အိမ်ကွင်းပြန်လည်ကျင်းချင်နေတာကြောင့် အခုလို ပြန်လည်စီစဉ်ဖြစ်တာပါ။ဒါ့အပြင် အသင်းနာမည်ကိုလည်း ကိုယ်စားပြု ပြည်နယ်ဖြစ်တဲ့ စစ်ကိုင်းယူနိုက်တက်တို့ ပြောင်းလဲခေါ်ဝေါ်စေမယ်လို့ ဆုံးဖြတ်အတည်ပြုခဲ့တာပါ။လောလောဆယ်တော့ တရားဝင်စာ မထွက်သေးပေမယ့်လည်း ၁၀၀ ရာခိုင်နှုန်းနီးပါးလောက်ကိုသေချာနေပါပြီ။" လို့ မဟာ ယူနိုက်တက်အသင်းနည်းပြချုပ် ဦးဇော်လင်းထွန်းက ထုတ်ဖော်ပြောခဲ့ပါတယ်။

မဟာယူနိုက်တက်အသင်းအနေနဲ့ လက်ရှိမှာ လိဂ်(၂)ကနေ တန်းတက်ခွင့်ပထမဆုံးရရှိထားပြီဖြစ်ပြီး လေ့ကျင့်မှုများကိုလည်း ပြုလုပ်နေပြီဖြစ်ကာ မနက်ဖြန် နံနက် ၇ နာရီခွဲအချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားဖို့ရှိပါတယ်။

Source- MNL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video