မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပပြီး KBZ Bankက အဓိက ကူညီပံ့ပိုးပေးထားတဲ့ KBZ Bank Women's League
2017-2018 ဘောလုံးရာသီ ပထမအကျော့ကို ၂၀၁၇ ဒီဇင်ဘာ ၂၇ ရက်နေ့မှ ၂၀၁၈ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

play

 

ယခုနှစ်ပြိုင်ပွဲတွင်မူ အမျိုးသမီးအသင်းသစ်တစ်သင်း ထပ်မံပေါ်ထွက်လာခဲ့ပြီး အဆင့်မြင့် ပညာဦးစီးဌာန လက်အောက်မှ တက္ကသိုလ် အမျိုး သမီး အသင်း ဖြစ်ပါတယ်။

play

 

ထို့ကြောင့် လာမယ့် KBZ Bank Women's League 2017-2018 ဘောလုံးရာသီမှာတော့ ယခင်ပြိုင်ပွဲဝင်အသင်းတွေဖြစ်တဲ့ Myawady FC ၊ ThitsarArman FC ၊ Sport& Education FC ၊ ISPE FC ၊ Gandamar FC ၊ Zwekapin FC ၊ YREO FC တို့အပြင် အသင်းသစ် တစ်သင်းအဖြစ် အဆင့်မြင့် ပညာဦးစီးဌာနလက်အောက်မှ တက္ကသိုလ်အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် ပြိုင်ပွဲဝင် အသင်း (၈)သင်း ဖြင့် ကျင်းပပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

ရာသီအဖွင့်ပွဲစဉ်အဖြစ် မြဝတီအသင်း နှင့် သစ္စာအားမာန်အသင်းတို့ ဒီဇင်ဘာလ ၂၇ရက်နေ့ ၊ ညနေ ၃နာရီ ၃၀မိနစ် ၊ အောင်ဆန်းကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပြီး၊ ဒုတိယအကျော့ ပွဲစဉ်များတွေကို လာမယ့် ၂၀၁၈ မတ်လ ၁၃ ရက်နေ့မှ မေလ ၁၀ ရက်နေ့အထိ ဆက်လက် ကျင်းပသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ယခုနှစ် ၂၀၁၇ ခုနှစ်မှာ ပထမဆုံး အကြိမ် အဖြစ် အသင်း ၇ သင်းနဲ့ စတင်ကျင်းပခဲ့တာ ဖြစ်ပြီး ပထမဆုံး ချန်ပီယံ အဖြစ် မြ၀တီ အမျိုးသမီးအသင်းက ဆွတ်ခူးရရှိထားပါတယ်။

Photos-  Myanmar Women League

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video