ယနေ့ညနေ ၆ နာရီအချိန်မှာ ဗီယက်နမ်သတင်းစာဖလား ဖိတ်ခေါ်ပြိုင်ပွဲရဲ့ တတိယမြောက်ပွဲစဉ်အဖြစ် ဗီယက်နမ်ယူ-၂၁ အသင်းနဲ့ မြန်မာယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

play

 

အိမ်ရှင်ဗီယက်နမ်အသင်းအတွက် ယနေ့ပွဲစဉ်ဟာ ဗိုလ်လုပွဲတက်ရောက်ဖို့အတွက် အရေးပါတဲ့ ပွဲစဉ်လို့ ဆိုရမှာဖြစ်သလို မြန်မာအသင်းအတွက်လည်း ချန်ပီယံမျှော်လင့်ချက်အတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်ပါတယ်။ ဗီယက်နမ်ယူ-၂၁ အသင်းအနေနဲ့ ယနေ့ပွဲစဉ်ကို အနိုင်ကစားနိုင်မှသာ ဗိုလ်လုပွဲတက်ရောက်ဖို့ မျှော်လင့်နိုင်မှာဖြစ်ပြီး သရေကျခဲ့ရင်တော့ ဗိုလ်လုပွဲနဲ့အလှမ်းဝေးကွာဖွယ်ရှိနေတာကြောင့် ရေကုန်ရေခမ်းယှဉ်ပြိုင်ကစားသွားရမယ့် ပွဲစဉ်ဖြစ်ပါတယ်။

play

 

မြန်မာအသင်းဟာ ပြီးခဲ့တဲ့ ၁၄ ရက်နေ့က ထိုင်းယူ-၂၁ အသင်းကို အကောင်းဆုံးပုံစံပြသပြီး ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိထားတာကြောင့် ယနေ့ပွဲစဉ်အတွက် ယုံကြည်ချက်ပြင်းထန်နေမှာ သေချာပါတယ်။ မြန်မာအသင်းဟာ အဖွင့်ပွဲစဉ်မှာ ဗီယက်နမ်ယူ-၁၉ အသင်းကို သရေကျခဲ့တာကြောင့် နောက်ထပ်ပွဲစဉ်တွေမှာ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ကစားနေတာဖြစ်ပါတယ်။

play

 

လက်ရှိအချိန်မှာ မြန်မာအသင်းက ၂ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ ၄ မှတ်ရရှိထားပြီး ယနေ့ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာ အနိုင်ကစားထားဖို့ လိုအပ်နေတာဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဂျပန်ကလပ်ယိုကိုဟားမားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဗိုလ်လုပွဲကစားနိုင်ဖို့ ယနေ့ပွဲစဉ်မှာ အစွမ်းကုန်ကြိုးစားသွားရမှာဖြစ်ပါတယ်။

Photos: MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video