AD
AD
AD

ယနေ့ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲတဲ့ ဗီယက်နမ် ယူ-၂၁ အသင်းနဲ့ မြန်မာ ယူ-၂၁ အသင်းတို့ ပွဲစဉ်မှာတော့ ဗီယက်နမ် ယူ-၂၁ အသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

မြန်မာအသင်းအနေနဲ့ ဒုတိယပွဲစဉ်မှာ ထိုင်းအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ယနေ့ပွဲစဉ်အတွက် အားဖြစ်စေခဲ့ ပေမယ့်လည်း ခြေစွမ်းပိုင်း တည်ငြိမ်မှု မရှိခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

ယနေ့ပွဲစဉ်မှာ မြန်မာကစားသမားတွေအနေနဲ့ ဗီယက်နမ်အသင်းဖက်ကို ထိုးဖောက်တိုက်စစ်ဆင်ကစားပေမယ့်လည်း ထိရောက်တဲ့ ဂိုးကန်သွင်းချက်တွေကိုတော့ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပါ ဘူး။

ဗီယက်နမ်အသင်းအနေနဲ့ ဗိုလ်လုပွဲတက်ရေးအတွက် မြန်မာအသင်းဖက်ကို ဖိဖိစီးစီး ကစားခဲ့တာကိုတွေ့မြင်ရ ပြီး ရရှိခဲ့တဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ ယနေ့ပွဲအရှုံးကြောင့် နောက်ဆုံးပွဲစဉ်အဖြစ် ကစားမယ့် ယိုကိုဟားမားအသင်းကို အနိုင်ရမှသာလျှင် ဗိုလ်လုပွဲတက်ရေး မျှော်လင့်နိုင်မှာလည်း ဖြစ်ပါတယ်။

ယိုကိုဟားမားအသင်းနဲ့ အုပ်စုပတ်လည်နောက်ဆုံးပွဲစဉ်ကိုတော့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ဆက်လက်ကစား မှာ ဖြစ်ပါတယ်။

Photos- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD