ရန်ကုန်ယူနိုက်တက်အသင်းမှ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး သန်းပိုင်းမှာ အူအတက်ခွဲစိတ်ကုသမှု ခံယူခဲ့ရ တယ်လို့ သိရပါတယ်။

play

 

“သန်းပိုင် အူအတက်ရောင်လို့ခွဲစိတ်ကုသခဲ့ရတာ မှန်ပါတယ်။လောလောဆယ်မှာတော့ အနားယူနေပါတယ်။ ဆရာဝန်ရဲ့ ညွန်ကြားချက်အရ အနည်းဆုံး ၆ လလောက်အနားယူရပါမယ်။” လို့ ရန်ကုန်ယူနိုက်တက်အသင်း မီဒီယာ တာဝန်ခံ ကိုမျိုးမြင့်သောင်းက ပြောကြားခဲ့ပါတယ်။

အဆိုပါ ခွဲစိတ်ကုသမှုဒဏ်ကြောင့် ၎င်းအနေနဲ့ လာမယ့် ၂၀၁၈ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ပွဲစဉ်များ ကို သေချာပေါက်လွဲချော်တော့မှာလည်း ဖြစ်သလို၊ ယခုနှစ်ရာသီမှာ တန်းတက် မဟာ ယူနိုက်တက်အသင်းက ၎င်းကို အငှားနဲ့ ခေါ်ယူဖို့ ကိစ္စမှာလည်း သန်းပိုင်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် ပျက်ပြယ်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မြန်မာ့လက်ရွေးစင်အသင်းကစားဖို့ရှိတဲ့ အာရှဖလား ခြေစစ်ပွဲနောက်ဆုံး ပွဲစဉ် ၂ ပွဲကိုလည်း လွဲချော်သွားတော့မှာ ဖြစ်ပါတယ်။

သန်းပိုင်အနေနဲ့ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းနဲ့အတူ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ M 150 Cup ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်အပြီး ကလပ်အသင်းနဲ့ပူးပေါင်းချိန်မှာ ယခုလို ခွဲစိတ်ကုသမှုခံယူခဲ့ရတာလည်း ဖြစ်ပါတယ်။

Photo- YH

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video