AD
AD
AD

လာမယ့် ၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်းမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းရဲ့ နည်းပြချုပ် အဖြစ် လက်ရှိ ယူ-၂၁ အသင်းကို တာဝန်ယူကိုင်တွယ်နေတဲ့ နည်းပြချုပ် ဦးကြည်လွင်ကို ဆက် လက်တာဝန် ပေးအပ်သွားမယ်လို့ သိရပါတယ်။

play

 

လက်ရှိမှာတော့ ၂၀၁၉ ဆီးဂိမ်းအသင်းအတွက် နည်းပြချုပ်ကို အတည်ပြု ထုတ်ပြန်ပေးနိုင်ခြင်းမရှိသေးပဲ ဦး ကြည်လွင်ကိုခန့်အပ်နိုင်ရေးကိုတော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီရဲ့ ဆွေးနွေးအတည်ပြုချက်များကို ရယူဖို့ လိုသေးတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်းက ပြောကြားခဲ့ပါတယ်။

“လက်ရှိ ဦးကြည်လွင်ကို နည်းပြချုပ်ခန့်အပ်မယ်ဆိုတာ အတည်မပြုနိုင်သေးပါဘူး။ဒါပေမယ့် ခန့်အပ်နိုင်ဖို့အ တွက်တော့ ကျွန်တ်ာတို့အဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ အဖွဲ့ဝင်တွေနဲ့ ဆုံးဖြတ်အတည်ပြုချက်ရ ယူဖို့ လိုပါသေးတယ်။အဲ့ဒါပြီးမှပဲ ဦးကြည်လွင်ကို ခန့်အပ်ဖြစ်မယ် မဖြစ်ဘူးဆိုတာ အတည်ပြုပေးနိုင်မှာပါ။” လို့ ဦးကိုကိုသိန်းက Duwun Sports ကိုပြောကြားခဲ့ပါတယ်။

ဦးကြည်လွင်မှာ လက်ရှိ ဗီယက်နမ် ယူ-၂၁ သတင်းစာဖလား ဖိတ်ခေါ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်းကို တာဝန်ယူကိုင်တွယ်လျက်ရှိနေပြီး အဆိုပါ အသင်းမှာ လာမယ့် ၂၀၁၉ ဆီးဂိမ်းအတွက် ရည်ရွယ်ဖွဲ့စည်းထားတဲ့အသင်းဖြစ်တာကြောင့်လည်း ယခုလို သတင်းထွက်ပေါ် လာရခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် ဦးကြည်လွင်မှာ ပြီးခဲ့တဲ့ ၂၀၁၅ စင်ကာပူ ဆီးဂိမ်းတုန်းကလည်း မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ကာ ဒုတိယ ငွေတံဆိပ်ဆုကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

Photo- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD