ယနေ့ညနေ ၃ နာရီ ၃၀ မိနစ်မှာ ဗီယက်နမ်သတင်းစာဖလား အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာယူ-၂၁ အသင်းနဲ့ ယိုကိုဟားမားယူ-၂၁ အသင်းတို့ရဲ့ပွဲစဉ်မှာ ယိုကိုဟားမားအသင်းက ၅ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး မြန်မာယူ-၂၁ အသင်းအနေနဲ့ ဗိုလ်လုပွဲကစားဖို့ မျှော်လင့်ချက်ကုန်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

play

 

ပထမပိုင်းစတင်ချိန်ကတည်းက ယိုကိုဟားမားအသင်းက ဖိအားပေးကစားနိုင်ခဲ့ပြီး ၁၉ မိနစ်မှာ မြန်မာအသင်းကို အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ မြန်မာယူ-၂၁ အသင်းဟာ ချေပဂိုးပြန်လည်ရရှိနိုင်ဖို့အတွက် ကစားကွက် ပုံဖော်ဖို့ကြိုးစားခဲ့ပေမယ့် ယိုကိုဟားမားအသင်းရဲ့ လျင်မြန်မှုကို မယှဉ်နိုင်ခဲ့ဘဲ ပထမပိုင်းပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၄၆ မိနစ်မှာ ယိုကိုဟားမားအသင်းက ဒုတိယမြောက်ဦးဆောင်ဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။

play

ဒုတိယပိုင်းမှာလည်း ယိုကိုဟားမားအသင်းကပဲ တစ်ကွင်းလုံး စိုးမိုးထားနိုင်ခဲ့ပြီး ၅၇ မိနစ်၊ မိနစ် ၆၀ နဲ့ ၇၉ မိနစ်တို့မှာ နောက်ထပ် ဦးဆောင်ဂိုးတွေ သွင်းယူခဲ့ပြီး မြန်မာယူ-၂၁ အသင်းကို ခြေစွမ်းအပြတ်အသတ်နဲ့ အနိုင်ယူခဲ့ပါတယ်။

Photos:

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video