အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် (၁၈) ကြိမ်မြောက် အာရှအားကစားပွဲတော်တွင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းများ ပါဝင်ယှဉ်ပြိုင် နိုင်ရေး ဆောင်ရွက်လျက်ရှိနေပါတယ်။

play

 

ုမူလက မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း၊လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းနဲ့ အမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းတို့ကို ၀င်ရောက် ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်နေပေမယ့်လည်း ခြေစစ်ပွဲမှတဆင့် ၀င်ရောက်ကစားရမှာ ဖြစ်တာကြောင့် ပြိုင်ပွဲဝင်မယ့်အသင်းကို ပြန်လည်စိစစ်သွားကာ လျော့ချသွားမယ်လို့ သိရပါတယ်။

play

 

အိုလံပစ်ကော်မတီရဲ့ ယနေ့မှာ အကြောင်းကြားလာတဲ့ အကြောင်းကြားစာအရ မြန်မာ့လက်ရွေးစင်အသင်းများအနေနဲ့ တိုက်ရိုက်ဝင်ခွင့်ရမှာ မဟုတ်ပဲ ခြေစစ်ပွဲကနေတဆင့်သာ ၀င်ခွင့်ရမယ်လို့ အကြောင်းကြားလာတာကြောင့် ၃ သုံးစလုံး ၀င်ပြိုင်နိုင်ရေး ခက်ခဲသွားပြီလို့လည်း မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။

"မူလကတော့ ကျွန်တော်တို့ ၃ သင်းစလုံးဝင်ပြိုင်ဖို့ ဆောင်ရွက်နေတာပါ။ဒါပေမယ့် အိုလံပစ်ကော်မတီရဲ့ အကြောင်းကြားစာကြောင့် ပြိုင်ပွဲဝင် မယ့် အသင်းကို ပြန်လည်စိစစ်သွားဖို့ လုပ်ဆောင်ရတော့မှာပါ။ခြေစစ်ပွဲဝင်ရမယ်ဆိုရင်တော့ ၃ သင်းစလုံး စေလွှတ်တော့မှာမဟုတ်ပဲ ဘယ် အသင်းတွေကို ဦးစားပေး စေလွှတ်ရမလဲဆိုတာတော့ ကျွန်တော်တို့ ပြန်လည်ဆွေးနွေးညှိုနှိုင်းသွားမှာပါ။" လို့ ဦးကိုကိုသိန်းက ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အဆိုပါ အာရှ အားကစားပွဲတော်သို့ အားကစားအဖွဲ့များ စေလွှတ်ယှဉ်ပြိုင်စေလျက်ရှိပေမယ့်လည်း ဘောလုံးအားကစား နည်းအနေနဲ့ သွားရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပဲ ယခုတစ်ကြိမ်မှသာ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ဆောင်ရွက်နေတာလည်း ဖြစ်ပါ တယ်။

တောင်ကိုရီးယားနိုင်ငံမှာ ၂၀၁၄ ခုနှစ်က ကျင်းပခဲ့တဲ့ အာရှအားကစားပွဲတော်မှာတော့ မြန်မာနိုင်ငံအနေနဲ့ ရွှေတံဆိပ်နှစ်ခု ငွေတံဆိပ်တစ်ခုနဲ့ ကြေးတံဆိပ် တစ်ခုတို့ ဆွတ်ခူးထားနိုင်ခဲ့ပြီး ဆုတံဆိပ် ၄ ဆုစလုံးမှာ ပိုက်ကျော်ခြင်း ကစားနည်းမှ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video