မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမယ့် ၂၀၁၈ ခုနှစ် အမျိုးသား အလွတ်တန်း ဖူဆယ်ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်အသင်းများကို ခေါ်ယူ လျက်ရှိပါတယ်။

ပြိုင်ပွဲကို အုပ်စုအဆင့် ရှုံးထွက်အဆင့် ပုံစံမျိုးနဲ့ ကျင်းပသွားမှာ ဖြစ်ပြီး ပြိုင်ပွဲဝင်လိုတဲ့ အသင်းများအနေနဲ့ လာမယ့် ဇန်န၀ါရီလ ၁၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၅ နေ့အတွင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ လာရောက် စာရင်းပေးသွင်းရမယ်လို့လည်း သိရပါတယ်။

play

 

ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို ကန့်သတ်ထားခြင်း မရှိပဲ ပြိုင်ပွဲဝင်အသင်းအရေအတွက်ပေါ်မူတည်ပြီး အုပ်စုခွဲဝေ ကျင်းပပေးသွားမှာ ဖြစ်သလို ပြိုင်ပွဲဝင် ကစားသမားတွေကိုလည်း ကန့်သတ်ထားခြင်း မရှိပဲ မည်သည့်ကစားသမားမဆို လွတ်လွတ်လပ်လပ် ၀င်ရောက်ယှဉ်ပြိုင်နိုင် တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နဲ့ သဲသောင်ပြင် ကော်မတီ အတွင်းရေးမှူး ဦးအောင်မော်သိန်းက ပြောပါတယ်။

"ဒီနှစ်အတွက်တော့ ဘယ်ကစားသမားမဆို လွတ်လွတ်လပ်လပ်ဝင်ကစားခွင့်ပြုထားပါတယ်။နယ်ကအသင်းတွေအတွက်လည်း နေစရာစီစဉ်ပေး ပါ့မယ်။ပြိုင်ပွဲဝင်အသင်းအရေအတွက်လည်း မကန့်သတ်ထားပါဘူး။" လို့ အဖွဲ့ချုပ် ဖူဆယ်နဲ့ သဲသောင်ပြင် အတွင်းရေးမှူး ဦးအောင်မော်သိန်း ကDuwunSportsကို ပြောပါတယ်။

ယခုကျင်းပမယ့် ဖူဆယ်အလွတ်တန်း ပြိုင်ပွဲမှာ ယခင်နှစ်များကတည်းက မြို့တော်ဝန်ဖလား အလွတ်တန်း ဖူဆယ်ပြိုင်ပွဲအမည်နဲ့ ကျင်းပ ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းတွင် MFF Ayeyar Cup၊ MFF Tiger Cup အစရှိသဖြင့် စပွန်ဆာအမည်များဖြင့် ပြောင်းလဲကျင်းပလာခဲ့တာလည်း ဖြစ်ပါ တယ်။

ယခုနှစ်အတွက် Title စပွန်ဆာကိုမူ ရရှိသေးခြင်းမရှိသေးပဲ ယခုနှစ် မြန်မာနေရှင်နယ်လိဂ်ကို စပွန်ဆာပေးထားတဲ့ MPT ဆက်သွယ်ရေး ကုမ္ပဏီ မှ ရရှိနိုင်ရေးဆောင်ရွက်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။

ယခုပြိုင်ပွဲရဲ့ အဓိက ရည်ရွယ်ချက်မှာ မျိုးဆက်သစ်ရွက်ပုန်းသီး ဖူဆယ်ကစားသမားများ ပေါ်ထွက်လာရေးအတွက် ရည်ရွယ်ကျင်းပရခြင်း ဖြစ်ပြီး ပုံမှန်ကျင်းပလျက်ရှိနေတဲ့ MFF Futsal League ပြိုင်ပွဲကိုမူ ပုံမှန်ကျင်းပနေတဲ့ မေလ မှ ဇူလိုင်လအထိ ကျင်းပသွားမှာ ဖြစ်တယ်လို့လည်းသိရပါ တယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video