play

လာမယ့်၂၀၁၈ ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်မှုများ အရှိန်အဟုန်နဲ့ ပြုလုပ်နေတဲ့ ရန်ကုန်ယူနိုက်တက်အသင်းသည် ယခင် မကွေးအသင်း တိုက်စစ်မှုးဟောင်း ဆယ်လာ ကို ၁ နှစ်စာချုပ် ချုပ်ဆို ခေါ်ယူခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ ဂီနီနိုင်ငံသား ဆယ်လာသည် မြန်မာနေရှင်နယ်လိဂ် အသင်းတစ်သင်းဖြစ်သည့် မကွေးအသင်းမှာ ၂၀၁၄ ခုနှစ်မှ စတင်ကာ ၃ နှစ်ကျော် ကြာကစားခဲ့ကာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းကို ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ ၂၀၁၇ မှာတော့ ဖိလစ်ပိုင်ကလပ် Global Cebu ဘောလုံးအသင်းမှာ ရာသီဝက် သွားရောက်ကစားခဲ့ကာ ယခုနှစ်မှာတော့ မြန်မာနေရှင် နယ်လိဂ်ကို ပြန်လည်ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

ရန်ကုန်အသင်းကို ပြောင်းရွှေ့ခဲ့တာနဲ့ ပက်သက်ပြီး -" “ရန်ကုန်အသင်းက မြန်မာနိုင်ငံမှာ အကောင်းဆုံးတစ်သင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၃ နှစ်ကျော် ကစားခဲ့ပြီး ဖိလစ်ပိုင် ကလပ် Global Cebu အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ တခြားအသင်းတွေထက် ရန်ကုန်အသင်းမှာ ကစားချင်လို့ ရောက်လာရခြင်း ဖြစ်ပါတယ်။ ရန်ကုန်အသင်း ချန်ပီယံဆု ရရှိအောင် တစ်ထောင့်တစ်နေရာကနေ ကူညီချင်လို့ ရောက်လာတာဖြစ်တဲ့အတွက် အားပေးကြဖို့ပြောချင်ပါတယ်” ဟု ဆီလာ ကပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်ယူနိုက်တက်အသင်းသည် နောက်ခံလူ မိုကွီးကိုလည်း တစ်နှစ်သက်တမ်းတိုးခဲ့သလို ပြည်တွင်းကစားသမားများဖြစ်တဲ့ ချင်းယူ နိုက်တက်မှ ဆောင်လမန်နဲ့ ဟံသာဝတီယူနိုက်ကတ်မှ မောင်မောင်လွင်တို့ကိုလည်းခေါ်ယူထားပါတယ်။
Source- YUFC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video