MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံအောင်လအန်ဆန်ရဲ့ ချန်ပီယံဆုကာကွယ်ပွဲကို ရန်ကုန်မြို့မှာပဲ ဆက်ကလ် ကျင်းပမယ်လို့ သိရပါတယ်။

play

 

‘‘အောင်လရဲ့ ချန်ပီယံကာ ကွယ်ပွဲကို ရန်ကုန်မှာပဲ လုပ်ဖြစ်မှာပါ။ နေရာတော့သေချာမသတ် မှတ်ရသေးပါဘူး။ သုဝဏ္ဏပဲဖြစ်ဖို့ တော့များပါတယ်။ အောင်လနဲ့ ထိုးသတ်မယ့်ပြိုင်ဘက်ကိုလည်း ရွေးချယ်နေတုန်းပဲ ရှိပါသေးတယ်။ အခုထိ မဆုံးဖြတ်ရသေး ပါဘူး။ သိတာနဲ့ ကြေညာပေးပါ့ မယ်’’ ဟု ဦးဇေသီဟက ပြောကြားခဲ့ပါတယ်။

play

 

ချန်ပီယံ ကာကွယ်ပွဲကို လာမယ့် ဖေဖော်ဝါရီ ၂၄ ရက်နေ့ကို ကျင်းပနိုင်ရေး စီစဉ်ထားကြောင်းနဲ့ ပြိုင်ဖက်ကိုမူ ရွေးချယ်ရခြင်း မရှိသေးဘူးလို့ လည်း သိရပါတယ်။

အောင်လအန်ဆန်အနေနဲ့ ပြီးခဲ့တဲ့ ဇွန်လက ရုရှားနိုင်ငံသားဘစ်ဒစ်ရှ်ကို အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ရရှိထားသူလည်း ဖြစ်ပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့မှာလည်း ၀ိတ်တန်း မတူပဲ မိမိထက် ၀ိတ်တန်းမြင့်မားတဲ့ အလိန်းအန်ဂါလာနီကိုလည်း စိန်ခေါ်ပွဲမှာ အနိုင်ရရှိထားတဲ့ အောင်လအန်ဆန်အနေနဲ့ လာမယ့် ၂၀၁၈ ခုနှစ်အတွင်းမှာ ခါးပတ်ကာကွယ်ပွဲတစ်ပွဲတည်းသာ ထိုးသတ်သွားမှာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ လေ့ကျင့်မှုများကိုသာ စဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိပြီး ပရိသတ်များအတွက်လည်း ခရစ္စမတ်စကားလက်ဆောင် ပြောကြားထားရာမှာတော့ -"ပရိသတ်တွေလည်း ပျော်ရွှင်သောအားလက်ရက်များရရှိကြပါစေလို့ဆန္ဒပြုရင်းနဲ.မိမိတို့မိသားစုဝင် တွေနဲ. အချိန်ယူပြီး ပျော်ရွှင်နိုင်ကြပါစေ" လို့ ၎င်းရဲ့ လူမှုစာမျက်နှာထက်မှနေ၍ ပြောကြားထားခဲ့ပါတယ်။

အောင်လအန်ဆန်မှာ လက်ရှိအချိန်အထိ MMA ပွဲပေါင်း ၃၁ ပွဲထိုးသတ်ခဲ့ရာမှာ ၂၁ ပွဲအနိုင်ရထားကာ ၁၀ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။

Source- 7 Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video