ယနေ့ ညနေ ၃ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာ ယူ-၂၁ အသင်းနဲ့ ထိုင်းယူ-၂၁ အသင်းတို့ရဲ့ ဗီယက်နမ် သတင်းစာဖလား ဖိတ်ခေါ် ပြိုင်ပွဲ တတိယနေရာလုပွဲမှာတော့ မြန်မာအသင်းက ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

မြန်မာအသင်းအနေနဲ့ ဗီယက်နမ် သတင်းစာဖလား ဖိတ်ခေါ် ယူ-၂၁ ပြိုင်ပွဲတွင် အုပ်စုပတ်လည် ၄ ပွဲကစားခဲ့ရပြီး ဗီယက်နမ် ယူ-၁၉ အသင်းကို သရေ၊ဗီယက်နမ် ယူ-၂၁ အသင်းနဲ့ ဂျပန်ကလပ် ယိုကိုဟားမားအသင်းတို့ကို ရှုံးနိမ့်ခဲ့ပြီး ထိုင်းယူ-၂၁ အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရကာ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့တာကြောင့် ယခုလို တတိယနေရာလုပွဲကစားရခြင်းလည်း ဖြစ်ပါတယ်။

တတိယနေရာလုပွဲမှာလည်း အုပ်စုပတ်လည်ပွဲစဉ်တုန်းက အနိုင်ယူထားနိုင်တဲ့ ထိုင်းအသင်းကို ပွဲစကတည်းက ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲအစ ၂ မိနစ်မှာပင် ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။အဲ့နောက် ပထမပိုင်းအပြီးမှာ မြန်မာအသင်းက ၂-၁ ဂိုးနဲ့ ဦးဆောင်နေကာ ဒုတိယပိုင်းပွဲချိန် မိနစ် ၈၀ ခန့်မှာတော့ ထိုင်းအသင်းက ချေပဂိုး ပြန်လည်ရရှိခဲ့တာကြောင့် ၂-၂ ဂိုးနဲ့ ပွဲပြီးဆုံးဖို့ ရှိနေခဲ့ပါတယ်။

ဒါပေမယ့်လည်း မြန်မာအသင်းအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးတွေကိုတော့ ထိုင်းအသင်း ချေပဂိုး သွင်းယူအပြီး ၅မိနစ်အတွင်းမှာပဲ ၂ ဂိုး ဆက်တိုက် ပြန်လည်သွင်းယူခဲ့ကြတာကြောင့်ပွဲအပြီးမှာ မြန်မာအသင်းက ၄-၂ ဂိုးနဲ့ အနိုင်ရရှိကာ ဗီယက်နမ်သတင်းစာ ဖိတ်ခေါ်ဖလား ပြိုင်ပွဲ မှာတတိယ ကြေးတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိ မြန်မာ ယူ-၂၁ အသင်းမှာ လာမယ့် ၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်း ပြိုင်ပွဲအတွက် ရည်ရွယ်ပြင်ဆင်နေတဲ့အသင်းဖြစ်ပြီး ယခုပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ရေး သေချာ ပြင်ဆင်လာခဲ့တဲ့ အာဆီယံ ထိပ်သီး ထိုင်းအသင်းကို နှစ်ပွဲဆက်အနိုင်ရရှိခဲ့တာကြောင့်လည်း မြန်မာ ပရိ သတ်တွေရဲ့ ဆီးဂိမ်း ရွှေ့တံဆိပ် မျှော်လင့်ချက်ကို ပြန်လည် အသက်သွင်းခဲ့ သလိုလည်း ဖြစ်ခဲ့ပါတယ်။

လက်ရှိ နည်းပြချုပ် ဦးကြည်လွင်ကို လာမယ့် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲဝင်မယ့်အသင်းကို နည်းပြချုပ်အဖြစ် ခန့်အပ်မယ်လို့လည်း သတင်းတွေ ထွက် ပေါ်နေတာကြောင့် ထိုင်းအသင်းကို အနိုင်ရရှိခဲ့တာဟာ ၎င်းကို နည်းပြချုပ်အဖြစ် ပိုမို သေချာစေခဲ့ပြီလို့လည်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါပြီ။

ပြီးခဲ့တဲ့ ၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲမှာတော့ ဂျာမဏီလူမျိုး နည်းပြ ဂတ်ဆီဇီနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ဆီမီးဖိုင်နယ်အဆင့်နဲ့သာ ကျေ နပ်ခဲ့ရပါတယ်။

Photo- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video