AD
AD
AD

ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၈ ဘောလုံးရာသီအတွက် ဒုတိယမြောက် နိုင်ငံခြားသား ကစားသမားအဖြစ် 
ကင်မရွန်းတိုက်စစ်မှုးအာချာလီယိုနက်အာချာအားခေါ်ယူလိုက်ပြီလို့ သိရပါတယ်။

play
အာချာ(ဂျာစီအပြာ)

 

၁၉၉၈ ခုနှစ်ဖွား တိုက်စစ်မှုးသည် ကင်မရွန်းနိုင်ငံ၏ နာမည်ကျော် ဘောလုံးအကယ်ဒမီဖြစ်သော 
အပီးဂျက်စ် မှထွက်ပေါ်လာသူဖြစ်ပြီး အသက် ၈ နှစ်အရွယ်မှစတင်ကာ ဘောလုံး ပညာများဆည်းပူးခဲ့ကာ နောက်ဆုံး ၂ နှစ်တွင် ကင်မရွန်း အဆင့်မြင့်တန်း၌ ခြေစွမ်းပြခဲ့သူ တစ်ဦးဖြစ်တယ်လို့လည်းသိရပါတယ်။

“ မြန်မာဘောလုံးလောကဟာ အရှိန်တစ်ခုနဲ့ အကောင်းဖက်ကို ဦးတည်နေတယ်လို့ ယုံကြည်ပါတယ်။ 
ဒီမှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ ကျနော်ရောက်လာတာပါ။ ရှမ်းယူနိုက်တက်အတွက် 
အကောင်းဆုံး ကစား ရင်း အောင်မြင်မှုတွေကို ရှာဖွေသွားမယ် ” ဟု အာချာက ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ၄င်းက တွဲဖက်ကစားဖော် ခရစ္စတိုဖာသည် အကြံကောင်းများပေးနိုင်သည့် စီနီယာကစားသမား ဖြစ်တယ်လို့လည်းပြောခဲ့ပါတယ်။

“ ခရစ္စတိုဖာက သွေးအေးတဲ့တိုက်စစ်မှုး တစ်ယောက်ပါ။ မြန်မာ့ဘောလုံးလောက အကြောင်းကို 
အများကြီး သိပါတယ်။ ကျနော့်ကိုလည်း အကြံကောင်းတွေပေးတယ်။ တခြား ကစားဖော်တွေက လည်း နွေးနွေးထွေးထွေးရှိပါတယ်။ ရှမ်းယူနိုက်တက်အသင်းမှာ ခြေစွမ်းပြနိုင်မယ်လို့  ယုံတယ် ” ဟု အာချာ ကပြောကြားသည်။

အာချာအနေနဲ့ အထောင်တိုက်စစ်မှုးနေရာထက် နောက်ချန်တိုက်စစ်မှုးနေရာတွင် ကစားရခြင်းကို
နှစ်သက်သူ ဖြစ်ပြီး၊ ၄င်း၏ လှုပ်ရှားမှုများကြောင့် ကစားဖော်များအတွက် နေရာလွတ်များ ဖန်တီးပေးနိုင်လိမ့်မည်ဟု 
ခရစ္စတိုဖာက ယုံကြည်နေပါတယ်။

ရှမ်းယူနိုက်တက်အသင်းသည် တိုက်စစ်မှုးအာချာကို ခြေစမ်းပွဲ ၂ ပွဲကစားစေပြီးနောက် ခြေစွမ်းပိုင်းအား ကျေနပ်သောကြောင့် ခေါ်ယူခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

ရှမ်းယူနိုက်တက်အသင်းမှာ မနှစ်က ဘောလုံးရာသီက အမှတ်ပေးဖလားနဲ့ ရှုံးထွက်ဖလား တို့မှာ ချန်ပီယံဖြစ်ခဲ့တာကြောင့် ယခုနှစ် ဘောလုံးရာသီအတွက် အာရှချန်ပီယံလိဂ်ဝင်ခွင့်ကို ခြေစစ်ပွဲမှတဆင့်ဝင်ခွင့်ရထားပါတယ်။

Source- Shan United

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD