AD
AD
AD

MMA One Championship မစ်ဒယ်ဝိတ်တန်း ချန်ပီယံ မြန်မာပြည်ဖွားအောင်လအန်ဆန်က ယနေ့ ကျရောက်တဲ့ ခရစ္စမတ်နေ့ထူးနေ့မြတ်မှာ သူ့ရဲ့ ပရိသတ်တွေအတွက် ဆုတောင်းစကားဆိုလိုက်ပါတယ်။

play

 

အဆိုပါ ဆုတောင်းစကားကိုတော့ ၎င်းရဲ့ ကိုယ်ပိုင် လူမှုစာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့တာလည်း ဖြစ် ပါတယ်။

အောင်လအန်ဆန်ရဲ့ ဆုတောင်းစာမှာတော့-“ အားလုံးအတွက်ပျော်ရွှင်စရာ Christmas လေးဖြစ်ပါစေ...
သူငယ်ချင်းတို.မိသားစုများအားလုံးမင်္ဂလာရှိပြီးအေးချမ်းသာယာကြပါစေလို. ကျွန်တော်တို.မိသားစုက ဆုတောင်းလိုက်ပါတယ်ဗျာ၊၊ အားလုံးရဲ.ချစ်ခင်မှုတွေနဲ.အားပေးမှုတွေကြောင့် ဒီနှစ်ထဲမှာ အလွန်မင်္ဂလာရှိပြီး အထူးကျေးဇူးတင်ရှိရပါတယ်ဗျာ၊၊ ကျွန်တော့်အတွက်တော့ လာမယ့်ပွဲအတွက်အဆင်သင့်ပြင်ဆင်ဖို. မိသားစုနဲ.နောက်ထပ်တစ်ပတ်လောက်ပဲအတူကုန်ဆုံးခွင့်ရတော့ မယ်ဗျာ၊၊ကျွန်တော့်ရဲ.အောင်မြင်မှုတွေ ရှုံးနိမ့်မှုတွေနဲ. အတူအမြဲရှိနေပေးခဲ.တဲ့ ပရိတ်သတ်ကြီးကိုအထူး ကျေးဇူးတင်ပါတယ်ဗျာ၊၊” လို့ ရေးသားဖော်ပြ ခဲ့တာ ဖြစ်ပါတယ်။

အောင်လအန်ဆန်မှာ မြန်မာပြည်မှာ ထိုးသတ်ခဲ့တဲ့ မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်စိန်ခေါ်ပွဲမှာ ရုရှားနိုင်ငံသား ဘစ်ဒစ်ကို အနိုင်ယူပြီး မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ် ချန်ပီယံဘွဲ့ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

လာမယ့် ၂၀၁၈ ဖေဖော်ဝါရီလမှာတော့ ၎င်းရဲ့ ရွှေခါးပတ်ကာကွယ်ပွဲကို ပြန်လည်စီစဉ်သွားမယ်လို့ ပြိုင်ပွဲကျင်းပရေး ကအတည်ပြုထားပြီး ပြိုင်ဘက်ကိုတော့ ရွေးချယ်နေတုန်းလို့ သိရပါတယ်။

အဆိုပါ ရွှေခါးပတ်ကာကွယ်ပွဲကို မြန်မာနိုင်ငံမှာ ထပ်မံကျင်းပသွားနိုင်ရေးအတွက်လည်း ကြိုးပမ်းနေတယ်လို့ သိရပါ တယ်။

Source- AungLa AnSang facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD