အာရှဖူဆယ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ၀င်ခွင့်ရရှိထားတဲ့ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအနေနဲ့ ပြိုင်ပွဲအကြိုပြင်ဆင်မှုများကို ထိုင်းနိုင်ငံမှာ သွားရောက်ပြုလုပ်မယ်လို့ သိရပါတယ်။

play

 

ထိုင်းနိုင်ငံတွင် လာမယ့် ဇန်န၀ါရီလ ၃ ရက်နေ့မှ ၁၂ ရက်နေ့အထိ နေထိုင်လေ့ကျင့်မယ်လို့ သိထားရပြီး ထိုင်းနိုင်ငံရှိ ကလပ်အသင်းများအပါအ ၀င် ထိုင်းလက်ရွေးစင် ယူ၂၃ အသင်းနဲ့လည်း ခြေစမ်းကစားသွားမယ်လို့ သိရပါတယ်။

အဆိုပါ ခြေစမ်းပွဲများထဲတွင် ကလပ်အသင်းများနဲ့ ခြေစမ်းပွဲ ၂ ပွဲအပါအ၀င် ထိုင်း လက်ရွေးစင် ယူ-၂၃ အသင်းနဲ့ ခြေစမ်းပွဲ ၂ ပွဲပါဝင်နေကာ အခွင့်အရေး ထပ်မံရပါက ထိုင်းလက်ရွေးစင်အသင်းနဲ့လည်းခြေစမ်းကစားနိုင်ဖို့ တောင်းဆိုသွားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းရဲ့ ပြောကြားချက်အရ သိရပါတယ်။

"ကျွန်တော်တို့ ထိုင်းမှာ အနည်းဆုံး ခြေစမ်းပွဲ ၄ ပွဲကစားနိုင်ဖို့ စီစဉ်ထားပါတယ်။အဲ့ဒီ ၄ပွဲမှာ နှစ်ပွဲက ကလပ်အသင်းတွေနဲ့ နှစ်ပွဲက ထိုင်း ယူ-၂၃ အသင်းနဲ့၊ဒါပေမယ့် အခွင့်အရေးရရင် ထိုင်းလက်ရွေးစင်အသင်းကြီးနဲ့လည်းခြေစမ်းခွင့်ရဖို့ ကြိုးပမ်းသွားမှာ။" လို့ ဦးကိုကိုသိန်းကပြောပါ တယ်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအနေနဲ့ အာရှဖလားပြိုင်ပွဲတွင် အီရန်၊အီရတ်၊တရုတ်အသင်းတို့နဲ့တစ်အုပ်စုတည်း ကျရောက်နေပြီး ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ တရုတ်(တိုင်ပေ)မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video