မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု ရတနာပုံ အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီက အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ နည်းပြချုပ် ရီနီနဲ့ လမ်းခွဲခဲ့ပြီး နောက် မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်မိုးကို နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ပြီလို့ အတည်ပြု ထုတ်ပြန် လိုက်ပါတယ်။

play

 

ယမန်နှစ်ရာသီက ချန်ပီယံဘွဲ့ကို မကာကွယ်နိုင်ခဲ့သလို အာရှအဆင့်ပြိုင်ပွဲဝင်ခွင့်နဲ့လည်း လွဲချော်ခဲ့ရပြီးနောက် ရီနီနဲ့ လမ်းခွဲခဲ့တာဖြစ်ပြီး အသင်း လက်ထောက်နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေတဲ့ ဦးအောင်ကျော်မိုးကို နည်းပြချုပ်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဦးအောင်ကျော်မိုးမှာ ၂၀၁၄ ခုနှစ်မှ စတင်ကာ အသင်းနဲ့အတူ လက်ထောက်နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေခဲ့တာဖြစ်ပြီး လာမယ့် ၂၀၁၈ မှ စတင်ကာ နည်းပြချုပ်အဖြစ် ပထမဆုံး တာဝန်ယူကိုင်တွယ်တော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ယခုလို ဦးအောင်ကျော်မိုးကို နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ခြင်းမှာ ရတနာပုံအသင်း သမိုင်းတစ်လျှောက် တတိယမြောက် ပြည်တွင်း နည်းပြချုပ်အဖြစ် ခန့်အပ်ခြင်းလည်း ဖြစ်ပြီးယခင်က ဦးဇော်လေးအောင်၊ဦးခင်မောင်တင့်တို့ကို ခန့်အပ် တာဝန်ပေးခဲ့ဖူးပါတယ်။

ဦးအောင်ကျော်မိုးမှာ ၁၉၉၉ခုနှစ် ဘရူနိုင်းဆီးဂိမ်းပြိုင်ပွဲမှစတင်ကာ လက်ရွေးစင်ကစားသမားဘ၀ကို စတင်ပါဝင်ခဲ့တာဖြစ်ပြီး ရတနာပုံ အသင်းနဲ့အတူ ၂၀၀၉ ခုနှစ်မှာ စတင်ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။

အဲ့ဒီနောက် ၂၀၁၀ခုနှစ်မှာ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ ကစားသမားဘ၀မှ အနားယူခဲ့သူလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရတနာပုံအသင်းအနေနဲ့ ၂၀၁၈ ဘောလုံးရာသီအတွက် ပြင်ဆင်မှုများပြုလုပ်နေရာမှာ ပြည်ပကစားသမားကို ခေါ်ယူခြင်းပြုမည် မဟုတ်ဘူးလို့ သတင်းထုတ်ပြန်ခဲ့တာကြောင့် လာမယ့်၂၀၁၈ ဘောလုံးရာသီမှာတော့ ရတနာပုံအသင်းကို ပြည်တွင်းနည်းပြနဲ့ကစားသမားတွေနဲ့သာ တွေ့မြင်ရတော့မှာလည်း ဖြစ်ပါတယ်။

Source- Yadanabon FC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video