ယနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်(၈)ပွဲအနက် အစောဆုံး ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပါးအသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ ပွဲစဉ်မှာတော့ စပါးအသင်းက ၀င်ဘလေကွင်းမှာ ဂိုးပြတ်အောင်ပွဲခံနိုင်ခဲ့ပါတယ်။

play

 

ယနေ့ပွဲစဉ်မှာ အဓိက စောင့်ကြည့်သွားရမယ့် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကလည်း အများမျှော်လင့် စောင့်ကြည့်နေသလိုပဲ ခြေစွမ်းပြ ဂိုးတွေ သွင်းယူနိုင်ခဲ့သလို နှစ်ပွဲဆက် ဟက်ထရစ်သွင်းဂိုးကိုပါ ရယူပြခဲ့ပါတယ်။

play

 

ဒါ့အပြင် ယနေ့ပွဲစဉ်မှာ အနည်းဆုံး တစ်ဂိုးသွင်းယူရုံနဲ့ တစ်နှစ်တာအတွင်း သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်မယ့်အခွင့်အရေး ကိုလည်း အပြည့်အ၀ ရယူသွားခဲ့ပါတယ်။

ပထပိုင်း ၂၂ မိနစ်မှာပင် ပြစ်ဒဏ်ဘောမှတဆင့် ကိန်းက ခေါင်းတိုက်သွင်းယူကာ ၎င်းရဲ့ ကစားသမားဘ၀တစ်လျှောက်စံချိန်တင် သွင်းဂိုးကို စောစီးစွာပင် ရယူခဲ့ပါတယ်။

ထို့နောက် ၃၉ မိနစ်အရောက်မှာ ဆွန်ဟောင်မင်ရဲ့ ပေးပို့မှုမှတဆင့် ဒုတိယဦးဆောင်ဂိုးကိုလည်း ကိန်းကပင် ဆက်လက်သွင်းယူခဲ့ပြန်ပါတယ်။ နှစ်ပွဲဆက် ဟက်ထရစ်ဖြစ်စေမယ့် သွင်းဂိုးကိုတော့ ၆၇ မိနစ်မှာ အလီရဲ့ ဖန်တီးမှုကနေ ရယူကာ နှစ်ပွဲဆက် ဟက်ထရစ်ကို ရယူနိုင်ခဲ့ပြန်ပါတယ်။

ယနေ့ပွဲမှာ ဟက်ထရစ်သွင်းဂိုးရယူနိုင်ခဲ့တဲ့ ကိန်းအနေနဲ့ ၁၉၉၅ ခုနှစ်က အလန်ရှီးယားတင်ရှိခဲ့တဲ့ တစ်နှစ်အတွင်း သွင်းဂိုး ၃၆ ဂိုးသွင်းယူကာ သွင်းဂိုးအများဆုံးသွင်းယူနိုင်တဲ့ စံချိန်ကို သွင်းဂိုး ၃၉ ဂိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့သလို တစ်နှစ်တာအတွင်း နိုင်ငံနဲ့ ကလပ်အသင်းအတွက်သွင်းဂိုး ၅၆ ဂိုးနဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ သွင်းဂိုးစံချိန်ကိုပါ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ စပါးအသင်းက ၅-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး Boxing Day ရဲ့ အစောဆုံးပွဲစဉ်မှာတော့ စပါးအသင်းက ကိန်းရဲ့ စံချိန်တင် ဟက်ထရစ်သွင်းဂိုးတွေနဲ့အတူ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video