AD
AD
AD

ထိုင်းလိဂ်(၂)ကလပ် ဆာမတ်ဆာခွန်အသင်းကို နောက်ထပ် တစ်ရာသီအငှားစာချုပ်နဲ့ မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ကောင်းဆက်နိုင် ပြောင်းရွှေ့ရောက်ရှိသွားပြီလို့ သိရပါတယ်။

play

 

ကောင်းဆက်နိုင်မှာ ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ဘောလုံးရာသီမှာလည်း ဆာမတ်ဆာခွန်အသင်းနဲ့အတူ တစ်ရာသီအငှားစာချုပ်ဖြင့် သွားရောက်ကစား ခဲ့ဖူးပြီး ယခုတစ်နှစ်မှာလည်း နောက်ထပ်တစ်နှစ်ထပ်မံကစားဖို့ သဘောတူလိုက်တာလည်း ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်းက အသင်းဟောင်းနှင့် ပြန်လည် လက်တွဲခွင့်ရခဲ့တဲ့အတွက် ပျော်ရွှင်မိတယ်လို့  ပြောဆိုခဲ့ပြီး လာမည့်နှစ်ရာသီတွင် ထိုင်းလိဂ် ၁ ပြိုင်ပွဲသို့ တက်ရောက်ကစားနိုင်ရန် အစွမ်းကုန်ကြိုးစား ပေးသွားမယ်လို့နှစ်ဖက်သဘောတူ စာချုပ် ချုပ်ဆိုမှုအပြီးတွင် ပြောဆိုခဲ့ပါတယ်။

၎င်းမတိုင်မီတွင် ရတနာပုံတိုက်စစ်မှူး အောင်သူက ထိုင်းလိဂ် ၁ကလပ် Police Tero FC အသင်းတွင်လည်းကောင်း၊
ရန်ကုန်ယူနိုက်တက်တိုက်စစ်မှူး ကျော်ကိုကိုက ထိုင်းလိဂ် ၁ ကလပ် ချင်းရွို့င်ယူနိုက်တက်အသင်းတွင်လည်းကောင်း၊ ဆောက်သမ်းမြန်မာကစားသမားဟောင်းများဖြစ်သည့် ၀င်းလှိုင်ဦးက ထိုင်းလိဂ် ၃ ကလပ် ရနောင်းယူနိုက်တက်အသင်းတွင်လည်းကောင်း၊ ကျော်ဖြိုးဝေက ထိုင်းလိဂ် ၃ ကလပ် ဖူးခက်စီးတီးအသင်းတွင်လည်းကောင်း အသီးသီး သွားရောက် ကစားကြတာကြောင့် ကောင်းဆက်နိုင်မှာ ထိုင်းလိဂ်ကို ၂၀၁၇-၁၈ ရာသီမှာ ထွက်ကစားမယ့် ၅ ယောက်မြောက်ကစားသမား ဖြစ်လာခဲ့ပါတယ်။

၂၀၁၈ တွင် စတင်ပြောင်းလဲလိုက်သည့် ထိုင်းလိဂ်ပြိုင်ပွဲ၏ အာဆီယံကစားသမား ခေါ်ယူရေး မူဝါဒသစ်အရ မြန်မာကစားသမားများ အနေဖြင့် အိမ်နီးချင်း ထိုင်းလိဂ်ပြိုင်ပွဲများသို့ သွားရောက် ကစားနိုင်မည့် အခွင့်အရေးများ ပိုမိုရရှိလာနေခြင်းဖြစ်ပါတယ်။

Source- MNL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD