ဟောင်ကောင်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် လူငယ်အားကစားပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ ဖိတ်ကြားစာ ပေးပို့ထားကြောင်းသိရပါတယ်။

play

 

အဆိုပါ လူငယ်ကစားပွဲတော်မှာ ဘောလုံးပြိုင်ပွဲများကို ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပြီး အသက် ၆ နှစ်မှ အသက် ၁၈နှစ်အောက်ပြိုင်ပွဲများ ထည့်သွင်းကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ယခင်ကလည်း လူငယ်အားကစားပွဲတော်တွေ သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပေမယ့်လည်း ယခုတစ်ကြိမ်ကို တော့ စေလွှတ်ဖို့ ရှိမရှိ မဆုံးဖြတ်ရသေးဘူးလို့လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

"အရင်တုန်းကလည်း သွားပြိုင်ဖူးပေမယ့်ဒီနှစ်အတွက်တော့ အတိအကျ မသိရသေးပါဘူး။ Grassroots level တွေဆိုတော့ နည်းစနစ်အဖွဲ့နဲ့ ညှိုနှိုင်းနေပါတယ်။စေလွှတ်ဖြစ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကယ်ဒမီက ကလေးတွေကို ဦးစားပေးစေလွှတ်သွားဖို့ ရှိနေပါတယ်။" လို့ အဆိုပါ တာဝန်ရှိသူက ပြောခဲ့ပါတယ်။

ဟောင်ကောင် လူငယ် ဖိတ်ခေါ် အားကစားပွဲတော်ကို လာမယ့် ဇန်န၀ါရီလအတွင်း ကျင်းပသွားဖို့ ရှိနေပြီး မြန်မာနိုင်ငံအနေနဲ့ ယခင်က တောင်ကိုရီးယားနိုင်ငံ ဖိတ်ခေါ်ခဲ့တဲ့ လူငယ်ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video