AD
AD
AD

ရန်ကုန်ယူနိုက်တက်အသင်းမှ မြန်မာ့လက်ရွေးစင်ကစားသမား နောက်ခံလူ ဇော်မင်းထွန်းကို ထိုင်းလိဂ်(၁)ကလပ် ဆူဖန်ဘူရီ အသင်းက ခေါ်ယူ နိုင်ရေး ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ ကစားသမားကိုယ်တိုင်က ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

ထိုင်းလိဂ်(၁)ကလပ်အသင်းရဲ့ ကမ်းလှမ်းမှုနဲ့ ပက်သက်ပြီး နှစ်ဖက် အသင်းကြား ကစားသမားအပြောင်းအရွှေ့အတွက် ညှိနှိုင်းမှုများ ပြုလုပ်ဖို့ ကျန်သေးတယ်လို့လည်း ဇော်မင်းထွန်းက ပြောပြခဲ့ပါတယ်။

"လောလောဆယ်တော့ ကျွန်တော့်ကို ဆူဖန်ဘူရီက ကမ်းလှမ်းမှု လုပ်ထားပါတယ်။ကျွန်တော့်အနေနဲ့ ရန်ကုန်နဲ့ စာချုပ်သက်တမ်း ရှိနေတဲ့ အတွက် အသင်းပြောင်းရွှေ့ဖို့ ကိစ္စကို ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ညှိနှိုင်းဖို့ လိုပါသေးတယ်။" လို့ ဇော်မင်းထွန်းက DuwunSportsကို ပြောပါ တယ်။

အဆိုပါ ကမ်းလှမ်းမှုနဲ့ ပက်သက်ပြီး ရန်ကုန်ယူနိုက်တက်အသင်း မီဒီယာ တာဝန်ခံကို မေးမြန်းခဲ့ရာမှာတော့ -" အပြောင်းအရွှေ့နဲ့ ပက်သက်ပြီး တစ်စုံတစ်ရာသိရှိရခြင်း မရှိသေးဘူး။" လို့ DuwunSportsကို ဖြေကြားခဲ့ပါတယ်။

ဇော်မင်းထွန်းအနေနဲ့ ရန်ကုန်ယူနိုက်တက်အသင်းကို ၂၀၁၄ ခုနှစ်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းနဲ့စာချုပ်သက် တမ်း တစ်နှစ်ကျန်ရှိသေးတယ်လို့ သိရပါတယ်။

ဇော်မင်းထွန်းကို ကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ဆူဖန်ဘူရီအသင်းမှာ မနှစ်ကရာသီထိုင်းလိဂ်၁ မှာ အဆင့် ၁၁ နေရာ ရပ်တည်ခဲ့တဲ့အသင်းတစ်သင်းဖြစ်ပြီး ၁၉၉၇ခုနှစ်ကအသင်းစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အမြင့်ဆုံးအောင်မြင်မှုအဖြစ် ၂၀၁၂ ခုနှစ်က ထိုင်းလိဂ်(၁)မှာ အဆင့် ၂ နေရာရပ်တည်ခဲ့ပါတယ်။

မြန်မာကစားသမားများအနေနဲ့ ယခုနှစ်အတွင်း ထိုင်းလိဂ်ကို သွားကစားကြတဲ့ ကစားသမား ၅ ဦးအထိ ရှိနေပြီး ထိုင်းလိဂ်(၁)အဆင့်ကို ရတနာပုံမှ အောင်သူနဲ့ ရန်ကုန်ယူနိုက်တက်မှ ဇော်မင်းထွန်းရဲ့ ကစားဖော် တိုက်စစ်မှူး ကျော်ကိုကိုတို့ သွားရောက်ကစားနေပြီဖြစ်ပါတယ်။

ဇော်မင်းထွန်းအနေနဲ့ ထိုင်းလိဂ်(၁)ကို ထပ်မံရောက်ရှိခဲ့ပါက ယခုနှစ်အတွင်း ထိုင်းလိဂ်ကို ထွက်ကစားတဲ့ ၆ ဦးမြောက် မြန်မာကစားသမား ဖြစ်လာမှာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD