AD
AD
AD

၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ မြန်မာ့အားကစားလောကမှ ထင်ရှားကျော်ကြားခဲ့တဲ့ ဖြစ်ရပ်အချို့ကို DuwunSports ပရိသတ်ကြီးအတွက် ပြန်လည်စုစည်းဖော်ပြပေးလိုက်ပါတယ်။

play

 

၂၀၁၇ ခုနှစ်ရဲ့ အစကတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနို ကိုယ်တိုင် မြန်မာနိုင်ငံကို ၎င်းရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကယ်ဒမီကို ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ပါတယ်။

play

 

နောက်ထပ် မြန်မာ့အားကစားလောကအတွင်း မြင့်မားတဲ့ အောင်မြင်မှုတစ်ခုကိုတော့ MMA ဖိုက်တာ အောင်လအန်ဆန်က ရယူပေးခဲ့ပြီး ဇူလိုင် လ ၃ရက်နေ့က မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲမှာ ရုရှားနိုင်ငံသား ဘစ်ဒစ်ရှ်ကို အနိုင်ယူပြီး ပထမဆုံး ရွှေခါးပတ်ဆုကို မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ရယူပေးနိုင်ခဲ့ပါတယ်။

play

 

သြဂုတ်လအတွင်း မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲမှာတော့ မြန်မာအားကစား အဖွဲ့ဟာ ရွှေတံဆိပ် ၇ ခု၊ငွေတံဆိပ် ၁၀ ခု၊ကြေး တံဆိပ် ၂၀ ခုနဲ့ နိုင်ငံအလိုက်အဆင့် ရပ်တည်မှု အဆင့် ၇ မှာ ရပ်တည်ခဲ့ပါတယ်။

play

 

စက်တင်ဘာလ ၅ ရက်နေ့မှာတော့ ကာဂျစ္စတန်အသင်းနဲ့ ၂၀၁၉ အာရှဖလားခြေစစ်ပွဲကစားဖို့ သွားရောက်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်းဟာ လုံခြုံရေး ခြိမ်းခြောက်ခံရမှုကြောင့် ပွဲကစားခြင်း မပြုနိုင်တော့ပဲ ပြန်လာခဲ့ရပါတယ်။ အဆိုပါ ဖြစ်ရပ်ဟာ ဘောလုံးလောကအတွက်တော့ စိတ် မကောင်းစရာ သတင်းတစ်ရပ်ဖြစ်ခဲ့ရပါတယ်။

play

 

မြန်မာနိုင်ငံက အိမ်ရှင်ကျင်းပခဲ့တဲ့ ၂၀၁၇ အာဆီယံ ယူ-၁၈ ပြိုင်ပွဲမှာ အောင်မြင်မှုမရခဲ့တဲ့ ပြင်သစ်လူမျိုးနည်းပြ ဘန်လာဘီကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စက်တင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပယ်ခဲ့ပါတယ်။

play

 

အောက်တိုဘာလထဲမှာတော့ မြန်မာနေရှင်နယ်လိဂ် သမိုင်းတစ်လျှောက် တတိယမြောက်ချန်ပီယံအဖြစ် ရှမ်းယူနိုက်တက်က အသင်းသမိုင်းတစ် လျှောက် ပထမဆုံး အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့သလို ဗိုလ်ချုပ်အောင်ဆန်းဒိုင်းမှာလည်း ပထမဆုံးချန်ပီယံဆုနဲ့ ဆုဖလားနှစ်လုံးစလုံးကို ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့ပါတယ်။

play

 

နိုဝင်ဘာလ ၃ ရက်နေ့မှာတော့ MMA မစ်ဒယ်ဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်နဲ့ မွေထိုင်း ချန်ပီယံ ၄ ကြိမ်ရ MMA ဟဲဗီးဝိတ်တန်း ချန်ပီယံ အလိန်း အန်ဂါလာနီတို့ရဲ့ အထူးစိန်ခေါ်ပွဲကို မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့ပြီး အောင်လအန်ဆန်က အံ့အားသင့်ဖွယ်အနိုင်ရရှိခဲ့ပြီး သမိုင်းမှတ်တိုင်သစ်ရေးထိုးခဲ့ကာ မြန်မာနိုင်ငံဂုဏ်ကို ထပ်မံ မြှင့်တင်ပေးနိုင်ခဲ့ပြန်ပါတယ်။

play

 

၂၀၁၆ ဒီဇင်ဘာမှာ ထိုးသတ်ခဲ့တဲ့ ဒေ့ဗ်နဲ့ ရွှေခါးပတ်ကာကွယ်ပွဲမှာ ဒူးဒဏ်ရာကြောင့် ရှုံးနိမ့်ပြီး အနားယူနေခဲ့ရတဲ့ မြန်မာပြည်အလွတ်တန်း ချန်ပီယံဟောင်း ထွန်းထွန်းမင်းဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှာတော့ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာပြီလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

play

 

ဒီဇင်ဘာလအတွင်းမှာတော့ မြန်မာ့ဘောလုံးလောကအတွက် အပေါင်း လက္ခဏာဆောင်တဲ့လလို့ ဆိုနိုင်ပါတယ်။မြန်မာ့လက်ရွေးစင် အမျိုးသား အသင်းဟာလည်း ဖီဖာက သတ်မှတ်တဲ့လအလိုက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့် မြင့်တက်မှုအဖြစ် အဆင့်(၁၀)အထိ ခုန်တက်ခဲ့ကာ ယခင်အဆင့်ရပ်တည်မှု ၁၅၀ မှ ၁၄၀ အထိ တိုးတက်မြင့်တက်လာခဲ့ပါတယ်။အာဆီယံ အဆင့် ရပ်တည်မှုမှာ လည်း ထိပ်ဆုံး ၄ သင်းစာရင်းကို ၀င်ရောက်ထားနိုင်ပြန်ပါတယ်။

play

 

၂၀၁၇ ခုနှစ်ရဲ့ ဒီဇင်ဘာကတော့ မြန်မာ့ဘောလုံးလောကအတွက် အပေါင်း လက္ခဏာဆောင်တဲ့လလို့ဆိုရလောက်ပါတယ်။အကြောင်းကတော့ မြန်မာ့လက်ရွေးစင်ကစားသမားများကို အာဆီယံ ဒေသတွင်းအဆင့်မြင့်ဆုံး လိဂ်တစ်ခုကို ပိုင်ဆိုင်ထားတဲ့ ထိုင်းလိဂ်(၁)က ကလပ်အသင်းတွေ က စာချုပ်ချုပ်ဆိုခေါ်ယူခဲ့ကြတာ ဖြစ်ပြီး ရတနာပုံမှ အောင်သူက Police Tero fc အသင်းကိုလည်းကောင်း၊ရန်ကုန်ယူနိုက်တက်မှ ကျော်ကိုကို က ချင်းရွိုင်ယူနိုက်တက်အသင်းကိုလည်းကောင်း၊ရန်ကုန်ယူနိုက်တက်ကစားသမားဟောင်း ကောင်းဆက်နိုင်က မနှစ်က အငှားသွားကစားခဲ့တဲ့ ဆာမတ်ဆာခွန်အသင်းကိုလည်းကောင်း၊အသီးသီးသွားကစားခဲ့ကြသလို ဆောက်သမ်းမြန်မာ ကစားသမားဟောင်းများဖြစ်ကြတဲ့ ၀င်းလှိုင်ဦးက ရနောင်းအသင်းကိုလည်းကောင်း၊ကျော်ဖြိုးဝေက ဖူးဆက်အက်ဖ်စီကိုလည်းကောင်း အသီးသီး သွားရောက် ကစားကြပြီ ဖြစ်ပါတယ်။

play

ဒါ့အပြင် ထိုင်းလိဂ်(၁)ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဆူဖန်ဘူရီအသင်းကလည်း ရန်ကုန်ယူနိုက်တက်အသင်းမှ မြန်မာ့လက်ရွေးစင် နောက်ခံ လူ ဇော်မင်းထွန်းကို ခေါ်ယူနိုင်ရေး ကမ်းလှမ်းလာတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။

play

၂၀၁၇ ခုနှစ်အတွင်း မြန်မာ့ အားကစားဇာတ်ခုံပေါ်မှာ အောင်မြင်မှုတွေ ရှိခဲ့သလို ကျရှုံးမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။မည်သို့ပင်ဆိုစေကာမူ ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့သမျှ မြန်မာ့အားကစားလောကမှာကတော့ အပေါင်း လက္ခဏာဆောင်ခဲ့တယ်လို့ပဲ မြင်မိပါတော့တယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD