AD
AD
AD

ထိုင်းလိဂ်(၁)ကလပ် Police Tero အသင်းသည် နှစ်သစ်ကူး နားရက်ပေးခဲ့ပြီး ကစားသမားများကို နေရပ်ပြန်နားခွင့်ပြုတယ်လို့ သိရပါတယ်။

play

 

ယင်းကဲ့သို့ နားရက်ပေးပြီး နေရပ်ပြန်ခွင့်ပြုခဲ့တာကြောင့် အဆိုပါ အသင်းမှာ သွားအငှားသွားရောက်ကစားနေတဲ့ ရတနာပုံ ကစားသမားဟောင်း မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူလည်း နေရပ်ကို ခေတ္တပြန်လည်ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

play

 

လက်ရှိအချိန်မှာအသင်းနဲ့ အတူ လေ့ကျင့်ခန်းများဆင်းနေပြီး ခွင့်ရက်ရသဖြင့် မြန်မာနိုင်ငံကို ခေတ္တပြန်လာတာဖြစ်ပြီး နှစ်သစ်ကူးအပြီးမှာတော့ ကလပ်အသင်းနဲ့ပြန်လည်သွားရောက်ပူးပေါင်းမယ်လို့ သိရပါတယ်။

အောင်သူအနေနဲ့ အဆိုပါ အသင်းတွင် တစ်ရာသီအငှားစာချုပ်နဲ့ သွားရောက်ကစားနေတာဖြစ်ပြီး ထိုင်းလိဂ်(၁)မှာ ကစားတဲ့ ပထမဆုံး မြန်မာ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

အောင်သူအပါအ၀င် ရန်ကုန်ယူနိုက်တက်အသင်းမှ ကျော်ကိုကိုလည်း ထိုင်းလိဂ်(၁)ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ချင်းရွိုင်ယူနိုက်တက်အသင်း မှာ တစ်နှစ်အငှားနဲ့ သွားကစားနေပါတယ်။

Source- Police Tero

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD