၂၀၁၇ ခုနှစ်အတွင်းမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ကြတဲ့ နိုင်ငံ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြများထဲမှ ရွေးချယ်ချီးမြှင့်တဲ့ တစ်နှစ်တာ အကောင်းဆုံးဖူဆယ်အသင်းနည်းပြဆုရဲ့ နောက်ဆုံးဆန်ကာတင် (၁၀)ဦးစာရင်းမှာတော့ မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းရဲ့ နည်း ပြချုပ် ဦးဋ္ဌေးမြင့်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

play

 

မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းအနေနဲ့ မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ အောင်မြင်မှု မရရှိခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ၂၀၁၇ အာဆီယံ ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲမှာတော့ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကို တတိယ ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

 

ဒါ့အပြင် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အာရှဖလား ၀င်ခွင့်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာကြောင့် လည်း အခုလို ကမ္ဘာ့အကောင်းဆုံး နိုင်ငံအသင်းနည်းပြဆုရဲ့ နောက်ဆုံးဆန်ကာတင်စာရင်းမှာ ပါဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။

ယခုပေးအပ်မယ့်ဆုကိုတော့  ဥရောပအခြေစိုက် အားကစားပစ္စည်းများထုတ်လုပ်သည့် UMBROနှင့် Futsal Planet မီဒီယာတို့ကြီးမှူးရွေးချယ်
တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအနေနဲ့ ပထမဆုံးအကြိမ် ၀င်ခွင့်ရထားတဲ့ အာရှဖူဆယ်ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှု များပြုလုပ်နေကာ မကြာမီ ထိုင်းနိုင်ငံမှာ သွားရောက်နေထိုင်း လေ့ကျင့်မှာလည်း ဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ အာရှဖူဆယ်ပြိုင်ပွဲမှာ အင်အားကြီးအသင်းများဖြစ်တဲ့ အီရန်၊အီရတ်နဲ့ တရုတ်အသင်းတို့နဲ့အတူ ကျရောက်နေပါတယ်။

Photos- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video