AD
AD
AD

ယနေ့ ည မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီးနဲ့ ဘန်လေအသင်းတို့ပွဲစဉ်မှာတော့ မန်စီးတီးအသင်းက ဒုတိယပိုင်း သွင်းဂိုးတွေနဲ့အတူ ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ရှုံးထွက်ဖလားပွဲဖြစ်ပေမယ့်လည်း အက်ဖ်အေဖလား ဖြစ်တာနဲ့အညီ မန်စီးတီးအသင်း လူစုံထုတ်ယှဉ်ပြိုင်လာခဲ့ပေမယ့် ၂၅ မိနစ်မှာ မထင်မှတ်ပဲ ဘန်လေအသင်းကို အဖွင့်ဂိုးခွင့်ပြုခဲ့ရပါတယ်။

ဒုတိယပိုင်း ၅၆ မိနစ်နဲ့ ၅၈ မိနစ်တွေမှာ အဂူရိုက အံ့အားသင့်ဖွယ် နှစ်ဂိုးဆက်တိုက်သွင်းယူနိုင်ခဲ့တာကြောင့် မန်စီးတီး သက်သာရာ ရခဲ့ပြီး ၇၁ မိနစ်မှာ ဆာနေးနဲ့ ၈၂ မိနစ်မှာ ဘာနန်ဒိုဆေးလ်ဗားတို့က အသီးသီး ဆက်လက်သွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာ မန်စီးတီးအသင်းက ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ယခုပွဲအနိုင်ကြောင့် မန်စီးတီးအသင်းအနေနဲ့ ဘန်လေအသင်းနဲ့တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၄ ပွဲဆက် အနိုင်ရရှိခဲ့တဲ့စံချိန်ကိုလည်း တင်ရှိထားနိုင်ခဲ့ ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ယခုပွဲပြီးလျှင် လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကြားရက်ပွဲစဉ်အဖြစ် ဘရစ္စတိုးစီးတီးအသင်းနဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD