ဘရူနိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၈ ခုနှစ် ဘရူနိုင်း ဘရင့်ဖလား ဖိတ်ခေါ်ဖလား ပြိုင်ပွဲကို မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်း အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

play

 

ယခုပြိုင်ပွဲကို လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က နောက်ဆုံးအကြိမ်အဖြစ် ဘရူနိုင်းနိုင်ငံက ကျင်းပခဲ့တာ ဖြစ်ပြီး ယခုအခါ ၄ နှစ်အကြာမှ ပြန်လည်ကျင်းပ နိုင်တာလည်း ဖြစ်ပါတယ်။

play

 

ပြိုင်ပွဲကျင်းပမယ့် ရက်အတိအကျကိုတော့ ထုတ်ပြန်ခြင်း မပြုသေးပဲ လာမယ့်ဧပြီလထဲမှာ ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။

မြန်မာ ယူ-၂၁ အသင်းအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အောင်မြင်မှု ရရှိနိုင်ဖို့ အချိန်ယူပြင်ဆင်သွားမယ်လို့သိရပါတယ်။

"ဒီပြိုင်ပွဲမှာ ကျွန်တော်တို့အသင်းတွေ အစဉ်အလာပိုင်းကြီးမားခဲ့တာကြောင့် ဒီတစ်ကြိမ်မှာလည်း လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့အထိ ရည်ရွယ်ပြင်ဆင်သွားမှာပါ။" လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

ယခုပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံမှာ မြန်မာအသင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်က ကျင်းပခဲ့တဲ့ ပွဲမှာ ဗီယက်နမ် ယူ-၁၉ အသင်းကို ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။၂၀၁၄ ပြိုင်ပွဲတုန်းက ဘရူနိုင်းဘုရင့်ဖလား ဖိတ်ခေါ် ယူ-၁၉ ပြိုင်ပွဲအဖြစ် ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းကတော့ ထိုင်းအသင်းဖြစ်ပြီး ၂ကြိမ် ချန်ပီယံဖြစ်ထားကာ မြန်မာ၊အင်ဒိုနီးရှားနဲ့ ဘရူနိုင်းအသင်းတို့က တစ် ကြိမ်စီ ချန်ပီယံ ဖြစ်ထားပါတယ်။

မြန်မာအသင်းအနေနဲ့ ကျင်းပပြီးစီးခဲ့တဲ့ ၅ ကြိမ်စလုံး အနိမ့်ဆုံးအဆင့်အဖြစ် ဆီမီးဖိုင်နယ်အထိ တက်လှမ်းထားနိုင်သလို လက်ရှိမှာလည်း ချန်ပီ ယံဘွဲ့ကိုခံယူထားတာ ဖြစ်ပါတယ်။

ယခုပြိုင်ပွဲကိုတော့ ပြီးခဲ့တဲ့ ဗီယက်နမ်သတင်းစာဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ တတိယဆုရခဲ့တဲ့ မြန်မာ့လက်ရွေးစင်ယူ-၂၁ အသင်းကို သွားရောက် ယှဉ်ပြိုင်စေမယ်လို့ သိထားရပြီး နည်းပြချုပ်အဖြစ် ဦးကြည်လွင်ကိုဆက်လက်တာဝန်ပေးမယ်လို့လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video