AD
AD
AD

ထိုင်းလိဂ်(၃)ကလပ် နာရာအသင်းနဲ့ စာချုပ် ကိစ္စညှိနှိုင်းဖို့ ထိုင်းနိုင်ငံကို ထွက်ခွာသွားခဲ့တဲ့ မြန်မာ့လက်ရွေးစင်ဟောင်း ကွင်းလယ်ကစားသမား အောင်ကျော်နိုင်အနေနဲ့ လစာညှိနှိုင်းမှု အဆင်မပြေလို့ ယခုအခါ စာချုပ်ချုပ်ဆိုဖို့ ကိစ္စ ပျက်ပြယ်ခဲ့ပြီလို့ သိရပါတယ်။

play

 

အောင်ကျော်နိုင်အနေနဲ့ မူလက အကြိုသဘောတူညီမှု ရရှိထားခဲ့ပေမယ့်လည်း ယခုအခါ ပျက်ပြယ်ခဲ့ရတာဖြစ်ကာ နောက်ထပ် ထိုင်းလိဂ် ၂ မှ ကလပ်အသင်းတစ်သင်းသင်းနဲ့ စာချုပ်နိုင်ရေး ဆောင်ရွက်ပေးနေတယ်လို့ မြန်မာစပါယ်ရှယ် ဘောလုံးအေဂျင်စီမှ  ကိုရဲနိုင်ဝင်းရဲ့ ပြောပြချက် အရ သိရပါတယ်။

"အဓိက ကတော့ လစာကိစ္စညှိနှိုင်းလို့ အဆင်မပြေတာကြောင့်ပါ။အောင်ကျော်နိုင်က အနည်းဆုံး ဘတ် ၅၀၀၀၀ နဲ့ ၆၀၀၀၀ကြားလောက် လိုချင်တယ်။သူတို့က ၃၀၀၀၀ နဲ့ ၄၀၀၀၀ ကြားနဲ့ အခြား ဂိုး ဘောနပ်တွေထည့်ပေါင်းပေးမယ်လို့ ပြောလာတယ်။ဒါနဲ့ပဲ စာချုပ်ကိစ္စ ပျက်ပြယ်ခဲ့ ရတာဖြစ်ပါတယ်။ ဒါပေမယ့် ထိုင်းမှာရှိတဲ့ နိုင်ငံခြားသားအေးဂျင့်တစ်ယောက်နဲ့ ထပ်မံချိတ်ဆက်ပြီး လိဂ်(၂)ကလပ်အသင်းတစ်သင်းနဲ့ ချိတ် ဆက်ဆောင်ရွက်နေနေပါတယ်။" လို့ ကိုရဲနိုင်ဝင်းက DuwunSportsကို ပြောပါတယ်။

အောင်ကျော်နိုင်ကို လက်ရှိမှာ လိဂ်(၂)ကလပ်အသင်းတစ်သင်းနဲ့ ခြေစမ်းနိုင်ဖို့ ဆောင်ရွက်ပေးထားပြီး မနက်ဖြန် ညနေလောက်မှာ စာချုပ် ချုပ် ဆိုနိုင်ဖို့ရှိမရှိနဲ့ ကလပ်အသင်းနာမည်ကို ထုတ်ပြန်ပေးနိုင်မယ်လို့လည်း ဆက်လက်သိရပါတယ်။

အောင်ကျော်နိုင်အနေနဲ့ မနှစ်က ဘောလုံးရာသီမှာ စင်ကာပူကလပ် အသင်းတစ်သင်းဖြစ်တဲ့ ဘယ်လက်စတီယာ ခါလ်ဇာမှာတစ်နှစ်သွားရောက် ကစားခဲ့သူလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD