၂၀၁၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှာ ကစားဖို့ ပွဲပျက်ခဲ့ရတဲ့ ကာဂျစ်နဲ့ မြန်မာအသင်းတို့ရဲ့ ၂၀၁၉ အာရှဖလား ခြေစစ်ပွဲစဉ်ကို ကြားနိုင်ငံ တစ်နိုင်ငံမှာ ပြန်လည်ကျင်းပစေဖို့ အာရှဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။

play
ပထမအကျော့ မြန်မာကွင်းမှာ တွေ့ဆုံခဲ့စဉ် (၂-၂)

 

ယင်းကဲ့သို့ ပြန်လည်ကျင်းပရာတွင် ကြားနိုင်ငံကို မြန်မာနိုင်ငံက အဆိုတင်သွင်းခွင့်ရှိမှာ ဖြစ်ပြီး ကုန်ကျစရိတ်အကုန်လုံးကိုလည်း ကာဂျစ် အဖွဲ့ ချုပ်က ကျခံစေရမယ်လို့လည်း ထည့်သွင်းထုတ်ပြန်ထားပါတယ်။

ယခုအခါ ကာဂျစ်အဖွဲ့ချုပ်က ၎င်းတို့အနေနဲ့ ဥဇဘတ်ကစ္စတန်နိုင်ငံမှာ ကြားကွင်းအဖြစ် အသုံးပြု ယှဉ်ပြိုင်ခြင်ကြောင်း အာရှဘောလုံးအဖွဲ့ချုပ်ကို တင်ပြခဲ့ရာမှာတောာ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ပယ်ဖျက်ခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကို သိန်းရဲ့ ပြောပြချက်အရ သိရပါတယ်။

" ကျွန်တော်တို့အနေနဲ့ ကြားကွင်းကို နဂိုကတည်းက ရွေးချယ်ခွင့်ရှိပြီးသားပါ။ဒါကြောင့်လည်း ကာဂျစ်ဖက်က တင်ပြလာတဲ့ ကြားနိုင်ငံကို အ အဆင်မပြေတာကြောင့် ပယ်ချခဲ့တာပါ။ကျွန်တော်တို့အနေနဲ့ အခုလို ပယ်ချတာကိုအာရှဘောလုံးအဖွဲ့ချုပ်ကတဆင့် ဦးစီးဆောင်ရွက်ပေးပါ လိမ့်မယ်။ကျွန်တော်တို့ဖက်က သဘောမတူဘူးဆိုရင် ပွဲမဖြစ်ပါဘူး။ကျွန်တော်တို့ကလည်း ကိုယ်ရွေးချယ်ထားတဲ့ ကွင်းကို ပြန်တင်ပြထားပြီး ပါပြီ။" လို့ ဦးကိုကိုသိန်းက ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ကြားကွင်းအဖြစ် ပထမ ဦးစားပေးနိုင်ငံကို ထိုင်းနိုင်ငံကို ရွေးချယ်ပေးထားပြီး ဒုတိယဦးစားပေးနိုင်ငံ အဖြစ် စင်ကာပူနဲ့ တတိယဦးစားပေးနိုင်ငံအဖြစ် ဗီယက်နမ် နိုင်ငံတို့ကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အာရှဘောလုံးအဖွဲ့ချုပ်က ဘယ်နိုင်ငံမှာ ကစားရမယ်ဆိုတာ အတည်တကျ သတင်းမထုတ်ပြန်ပေးသေးဘူးလို့လည်း သိရ ပါတယ်။

ပြန်ကန်ပွဲစဉ်ကိုတောာ့ လာမယ့် မတ်လ ၂၂ ရက်နေ့မှာ ကျင်းပစေဖို့ စီစဉ်ထားတာ ဖြစ်ပြီး ၂၇ ရက်နေ့မှာတော့ မြန်မာအသင်းအနေနဲ့ မကာအို အသင်းနဲ့ အိမ်ကွင်းမှာ ဆက်လက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video