မနေ့ ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချင်းရွိုင်းအသင်းနဲ့ လီယို ပွဲကြို ဖလားပြိုင်ပွဲမှာ ချင်းရွိုင်အသင်းနဲ့အတူ ပထမဆုံး ပွဲထွက်ကစားခွင့်ရခဲ့တဲ့ မြန်မာ့ လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကိုရဲ့ စွမ်းဆောင်ရည်အပေါ် အားရကျေနပ်မိတယ်လို့ ချင်းရွိုင်အသင်း ဥက္ကဋ္ဌက ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

ကျော်ကိုကိုအနေနဲ့ ချင်းရွိုင်အသင်းကို တစ်လ အမေရိကန်ဒေါ်လာ ၇၀၀၀ နှုန်းနဲ့တစ်ရာသီ အငှားပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ယခုပွဲစဉ်မှာ အသင်း နဲ့အတူ ပထမဆုံးပွဲထွက်ကစားတဲ့ပွဲလည်း ဖြစ်ပါတယ်။

play

ကျော်ကိုကိုအနေနဲ့ အသင်းအတွက် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေမယ့်လည်း ၎င်းရဲ့ ခြေစွမ်းအပေါ်ကိုတော့-" အကြမ်းအားဖြင့်တော့ မနေ့က သူ့ရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်ပါတယ်။ ကျွန်တော်တို့ မျှော်လင့်ထထားသလောက်ကို ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းနဲ့ မြန်မာရဲ့ ဘောလုံးကစားတာ မတူတာကြောင့် သူက အသင်းရဲ့ နည်းစနစ်နဲ့ အံဝင်ဖို့တော့် လိုပါသေးတယ်။" လို့ မှတ်ချက်ပြု ပြောကြားပေးခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်မှာတော့ ချင်းရွိုင်အသင်းနဲ့ ပေါ့အက်စီအသင်တို့မှာ ဂိုးမရှိသရေကျနေတာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာ ချင်းရွိုင် အသင်းက ၅-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ကျော်ကိုကိုအနေနဲ့ ထိုင်းလိဂ်(၁)ကို အောင်သူပြီးလျှင် ဒုတိယ ရောက်ရှိတဲ့ ကစားသမားဖြစ်ပေမယ့်လည်း ထိုင်းလိဂ်(၁)အသင်းနဲ့အတူ ထိုင်းလိဂ် ပြိုင်ပွဲမှာပထမဆုံးပွဲထွက်ကစားခွင့်ရတဲ့ကစားသမား ဖြစ်လာခဲ့ပါတယ်။

Source- Chiang Rai United FC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video