AD
AD
AD

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ အာရှဘိလိယက်၊ ယူ-၂၁ စနူကာနှင့် အမျိုးသမီးစနူကာပြိုင်ပွဲတို့အနက် အမျိုးသား ယူ-၂၁ စနူကာပြိုင်ပွဲမှာ  မြန်မာကစားသမား အောင်ဖြိုးက ပါကစ္စတန် နိုင်ငံသား ကို အနိုင်ယူပြီး ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

play

 

ပြိုင်ပွဲကို မတ်လ ၁၈ နေ့မှ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့မှာကျင်းပခဲ့တာ ဖြစ်ပြီး အောင်ဖြိုးမှာ ပတ်လည်ပွဲစဉ်များအတွင်း  အိန္ဒိယကစားသမား ရှိအစ်ခန်း၊ ဟောင်ကောင်မှ ချူပွန်တို့ကို အနိုင်ယူကာ ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။

play

 

ကွာတားဖိုင်နယ်မှာလည်း ဟောင်ကောင်ကစားသမား ကာဝေချောင်ကို ထပ်မံအနိုင်ယူပြီး အကြိုဗိုလ်လုပွဲမှာတော့ ထိုင်းကစားသမား ချောင်ဂျာရတ်ခ်ကို ဆက်လက် ကျော်ဖြတ်ကာ ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဗိုလ်လုပွဲမှာတော့ ပါကစ္စတန်နိုင်ငံသား ဟာရစ်တာဟဲလ်ကို ၆ ပွဲ ၄ပွဲနဲ့ အနိုင်ယူကာ ပထမဆုံး အကြိမ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြိုင်ပွဲကိုတော့ ပါကစ္စတန်၊ ထိုင်း၊ အိန္ဒိယ၊ အီရန်၊ ဆော်ဒီအာရေဗျ၊ ကိုရီးယား၊ စင်ကာပူ၊ ဟောင်ကောင်၊ ကာတာ၊ သီရိလင်္ကာနဲ့ မြန်မာနိုင်ငံတို့မှ ကစားသမားစုစုပေါင်း ၅၇ ဦး ပါဝင်ယှဉ် ပြိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်ထံမှ သိရပါတယ်။

ယခု အာရှဘိလိယက်ပြိုင်ပွဲမှာတောာ့ လက်ရွေးစင် ခြောက်ဦး၊ အသက် ၂၁ နှစ်အောက် စနူကာပြိုင်ပွဲမှာ အမျိုးသား ကစားသမားငါးဦးနဲ့ အမျိုးသမီးစနူကာပြိုင်ပွဲမှာ ကစားသမားသုံးဦး မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပထမဆုရရှိသူများကို ကျပ်သိန်းတစ်ရာ ချီးမြှင့်မယ်လို့ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်က ထုတ်ပြန်ထားတာကိုလည်း သိရ ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ယခုပြိုင်ပွဲမှာ အခြားသော ပြိုင်ပွဲတွေမှာတော့ ဆုတံဆိပ် ဆွတ်ခူးနိုင်ခြင်းမရှိပဲ ယူ-၂၁ ပြိုင်ပွဲတစ်ခုတည်းမှာပင် ချန်ပီယံ ဆု ဆွတ်ခူးနိုင်ခဲ့တာ လည်း ဖြစ်ပါတယ်။

Source- Myanmar Billiards and Snooker Federation

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD