AD
AD
AD

ထိုင်းလိဂ်(၁)ကလပ် Police Tero အသင်းမှာ တစ်ရာသီအငှားနဲ့ သွားရောက်ကစားနေတဲ့ ရတနာပုံအသင်းမှ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူရဲ့ ပြောင်းရွှေ့ကြေးကို အမေရိကန်ဒေါ်လာ ၅ သိန်း မြန်မာငွေ သိန်း (၆၅၀၀) ၀န်းကျင် သတ်မှတ်ထားတယ်လို့ ရတနာပုံအသင်းက အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

play

 

အောင်သူအနေနဲ့ မိခင်ကလပ် ရတနာပုံအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသူဖြစ်ပြီး လက်ရှိမှာ အငှားနဲ့ ခေါ်ယူထားတဲ့ ထိုင်းကလပ်အသင်းက အပြီးသတ်ခေါ်ယူလိုပါက အနိမ့်ဆုံး ပြောင်းရွှေ့ကြေး အမေရိကန်ဒေါ်လာ (၅)သိန်း၊ မြန်မာငွေ သိန်း (၆၅၀၀) ၀န်းကျင်အထိ ပေးချေရ ဖို့ လိုတယ်လို့ ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက ပြောခဲ့တာ ဖြစ်ပါတယ်။

play

 

"အောင်သူ့ကို Police Tero က အပြီးသတ်ဝယ်လိုတယ်ဆို တန်ကြေးရရင် ရောင်းမှာပါ။ လက်ရှိတော့ အနည်းဆုံး အောင် သူရဲ့ ပြောင်းရွှေ့ကြေးကို ကန် ဒေါ်လာ ငါးသိန်းသတ်မှတ်ထားပါ တယ်။ အခုနှစ် ထိုင်းမှာ ပိုပြီးခြေ စွမ်းပြနိုင်ရင် ဒီထက်ပိုတောင်းဖို့ ပဲရှိပါတယ်။ လျော့ဖို့ မရှိပါဘူး။ ဒါက နိုင်ငံတကာမှာလည်း က လပ်အသင်းတွေက သူတို့ကစား သမားကို တန်ကြေးရရင် ရောင်း ချကြတာပါပဲ’’လို့ ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက ထုတ်ဖော်ပြောခဲ့ပါတယ်။

အောင်သူအနေနဲ့ လက်ရှိကစားနေတဲ့ ကလပ်အသင်းမှာ ခြေစွမ်းပိုမို မြင့်မားလာပါက ၎င်းရဲ့ပြောင်းရွှေ့စရိတ်မှာလည်း ပိုမို မြင့်တက်လာဖို့သာ ရှိပြီး ယခု သတ်မှတ်ထားတဲ့ ကန်ဒေါ်လာ ၅ သိန်းအောက်ကိုတော့ လျော့ကျသွားဖို့ မရှိဘူးလို့လည်း သိရပါတယ်။

အောင်သူမှာ လက်ရှိ ကလပ်အသင်းတွင် ၅ ပွဲကစားအပြီး ၂ ဂိုးသွင်းယူထားနိုင်ကာ Fox Sports က ရွေးချယ်ခဲ့တဲ့ တစ်ပတ်အတွင်း အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းမှာလည်း ပါဝင်ခဲ့ပြီး ၊လန်ဒန်အခြေစိုက် နာမည်ကြီးအားကစား ၀က်ဘ်ဆိုက် Goal.com က ရွေးချယ်ခဲ့တဲ့ ထိုင်းလိဂ်-၁ ပထမပတ်ရဲ့ အကောင်း ဆုံးလူငယ်ကစားသမားအဖြစ် ရွေးချယ်ခြင်းခံထားရသူလည်း ဖြစ်ပါတယ်။

Source- 7 Day

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD