AD
AD
AD

MPT Myanmar National League ရဲ့ ပွဲစဉ် (၁၀) မှာတော့ မြန်မာနေရှင်လိဂ်ရဲ့ အင်အားအကြီးမားဆုံး အသင်း(၂) သင်းဖြစ်တဲ့ ရန်ကုန် နဲ့ ရတနာပုံအသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံတဲ့ ပွဲစဉ်လည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ ရန်ကုန်အသင်းကတော့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အသင်းဖြစ်ပြီးတော့ ရတနာပုံအသင်းကတော့ အဆင့်(၄) နေရာမှာ ရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။

play

 

အစဉ်အလာပြိုင်ဘက်တွေဖြစ်ပြီးတော့ ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံတိုင်း အကြိတ်အနယ်ရှိပြီး ပွဲကောင်းတစ်ပွဲအဖြစ် ဖြစ်လာဖို့လည်း ရှိနေပါတယ်။ အမှတ်ပေးဖလားကို အကြိမ်အများဆုံးအဖြစ် (၄) ကြိမ်စီ ရယူထားတဲ့ အသင်းတွေဖြစ်ပြီးတော့ မြန်မာလိဂ်မှာ အောင်မြင်မှု အရှိဆုံး အသင်းတွေလည်း ဖြစ်ပါတယ်။

play

 

ရန်ကုန်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့်လည်း ရန်ကုန်အသင်းရဲ့ မြက်ခင်းတုကွင်းကို ပြန်လည်ပြင်ဆင်နေတာကြောင့် သုဝဏ္ဏကွင်းမှာ ပြောင်းရွှေ့ကစားမှာလည်း ဖြစ်ပါတယ်။ ဧပြီလ (၇) ရက်နေ့၊ ညနေ (၄)နာရီအချိန်မှာ ကစားသွားမှာဖြစ်ပြီးတော့ ရန်ကုန်နဲ့ရတနာပုံတို့ကြားမှာ အမှတ်ကွာဟမှုက (၇) မှတ်အထိ ရှိနေတာကြောင့် ရတနာပုံအသင်းအတွက်တော့ ချန်ပီယံဖလား ရယူဖို့ဆိုရင် ဒီပွဲကို မဖြစ်မနေ အနိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

play

 

လိဂ်ပွဲစဉ်တွေအဖြစ် ဒီနှစ်သင်းဟာ (၁၆) ကြိမ်အထိ ရင်ဆိုင်ခဲ့ဖူးပြီး ရန်ကုန်အသင်းက (၅) ကြိမ်၊ ရတနာပုံအသင်းက (၅) ကြိမ် အနိုင်ရပြီး (၆) ကြိမ် သရေကျထားတာမို့ ဒီပွဲကို အနိုင်ရရှိတဲ့အသင်းဟာ ထိပ်တိုက်တွေ့ဆုံမှုမှာ အသာစီးရရှိသွားမှာလည်း ဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက်ကတော့ အမှတ်ပေးဖလားကို ပြန်လည်ရယူဖို့အတွက် ပြင်ဆင်မှုအများအပြား ပြုလုပ်ပြီး ယှဉ်ပြိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ရတနာပုံအသင်းကတော့ ထူးခြားချက်အနေနဲ့ နိုင်ငံခြားသား ကစားသမားတွေ မခေါ်ယူခဲ့ပဲ ပြည်တွင်းကစားသမားတွေနဲ့သာ ကစားစေခဲ့တာလည်း ဖြစ်ပါတယ်။

play

 

နှစ်သင်းစလုံးဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူးတွေဖြစ်တဲ့ ကျော်ကိုကို နဲ့ အောင်သူတို့ကို ထိုင်းကလပ်အသင်းတွေဆီကို အငှားနဲ့ ပြောင်းရွှေ့ခွင့်ပြုခဲ့တာကလည်း တူညီတဲ့တိုက်ဆိုင်မှု တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရန်ကုန်ကတော့ နိုင်ငံခြားသား ကစားသမားတွေ ဖြစ်တဲ့ အီမန်နူရယ်၊ ဆယ်လာ၊ မွန်ကာလူးတို့ အကောင်းဆုံးခြေစွမ်းပြခဲ့တာကြောင့် နိုင်ပွဲတွေ ရယူနိုင်ခဲ့ပြီး ရတနာပုံကတော့ အနည်းငယ် ရုန်းကန်နေခဲ့ရပါတယ်။

play

 

ရန်ကုန်တိုက်စစ်မှာ ဆယ်လာ၊ မောင်မောင်လွင်တို့ ခြေစွမ်းပြနေပြီး ရတနာပုံကတော့ စည်သူအောင်ကို အဓိကအားကိုးနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိခြေစွမ်းပိုင်း နဲ့ လူစာရင်းအရဆိုရင်တော့ ရန်ကုန်ယူနိုက်တက်က အသာစီးရယူသွားဖွယ် ရှိနေပေမယ့် ဒီနှစ်သင်းတွေ့ဆုံတိုင်း အကြိတ်အနယ်နဲ့ အနိုင်ရရှိရေးအတွက် ကျားကုတ်ကျားခဲ ကစားကြတာမို့ ဒီတစ်ပတ် မြန်မာနေရှင်နယ်လိဂ်ရဲ့ အကြိတ်အနယ်အရှိဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။

 

အခြားပွဲစဉ်တွေအဖြစ်တော့ ဆောက်သမ်း - ရှမ်း၊ ဟံသာဝတီ - GFA၊ ရခိုင် - မြ၀တီ၊ မကွေး - ဇွဲကပင်၊ ဧရာဝတီ - စစ်ကိုင်း တို့ပွဲစဉ်တွေ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ဧပြီ (၆၊၇၊၈) ရက်တွေမှာ သက်ဆိုင်ရာဘောလုံးကွင်းတွေမှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

Photos : Yagon United Facebook Page, Yadanarbon FC Facebook Page, MNL Facebook Page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD