AD
AD
AD

မြန်မာနေရှင်နယ်လိဂ်မှာ လုပ်ပွဲအရှုပ်တော်ပုံတွေ ရှိနေတယ်လို့ အာရှဘောလုံးအဖွဲ့ချုပ် AFC က မြန်မာနေရှင်နယ်လိဂ် ကော်မတီကို ပြီးခဲ့တဲ့ ရက်က အကြောင်းကြာလာခဲ့ပြီးနောက် ယနေ့မှာတော့ အရေးပေါ် တံခါးပိတ်အစည်းအဝေး တစ်ခုကို ပြုလပ်ခဲ့ပါတယ်။

play
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တစ်ပွဲ မြင်ကွင်း။

 

ယနေ့အစည်းအဝေးကိုတော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှာ ပြုလုပ်ခဲ့ပြီး မြန်မာနေရှင်နယ်လိဂ် တာဝန်ရှိသူများ၊မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများ၊ကလပ်အသင်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ခု ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းရဲ့ ပြောပြချက်အရ သိရပါတယ်။

play
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တစ်ပွဲမြင်ကွင်း။

 

ယခုကဲ့သို့ မြန်မာနေရှင်နယ်လိဂ်အတွင်း လုပ်ပွဲအရှုပ်တော်ပုံများ ရှိတယ်လို့ သံသယဖြစ်ရတဲ့ ပွဲစဉ် ၃ ၊ ၄ ပွဲခန့်ရှိပြီး အဆိုပါ ပွဲစဉ်များကို ဗီဒီယို ရုပ်သံများ ပြန်လည်ကြည့်ရှု စစ်ဆေးကာ အရေးယူဆုံးဖြတ်သွားနိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း မြန်မာနေရှင်နယ်လိဂ် ကော်မ တီ စီအီးအို ဦးစိုးမိုးကျော်က ပြောပါတယ်။

" လိဂ်က ပွဲစဉ် ၃ ၊ ၄ ပွဲလောက်ကို သူတို့ဖက်က မသင်္ကာဖြစ်နေပါတယ်။ဒါကြောင့် ကျွန်တော်တို့ တာဝန်ရှိသူတွေနဲ့ ခေါ်ယူဆွေးနွေးပြီးတော့ ပြန် လည်သုံးသပ်နိုင်ရေး ဆောင်ရွက်သွားမှာပါ။အသေးစိတ်ကိုတော့ မကြာခင် ဆက်လက်ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ပေးသွားပါမယ်။" လို့ ဦးစိုးမိုး ကျော်က ပြောပါတယ်။

မြန်မာနေရှင်နယ်လိဂ်အနေနဲ့ ယခုနှစ်အတွက် မြန်မာ့ဆက်သွယ်ရေး ကုမ္ပဏီ MPT ထံမှ စပွန်ဆာ ရရှိထားပြီး လိဂ်(၁)တွင် ပြိုင်ပွဲဝင် အသင်း ၁၂ သင်း လိဂ်(၂)တွင် ပြိုင်ပွဲဝင်အသ်ငး ၇ သင်းတို့နဲ့ ကျင်းပနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD