AD
AD
AD

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ၂၀၁၈ ခုနှစ် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး နည်းပြချုပ် ဦးဝင်းသူမိုးနဲ့အတူ လေ့ကျင့်ပြင်ဆင်လျက်ရှိနေပါတယ်။

play

 

မြန်မာအသင်းအနေနဲ့ လေ့ကျင့်ပြင်ဆင်မှုများကို ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကတည်းက စတင်ပြင်ဆင်ခဲ့ပြီး ပြိုင်ပွဲကို အကောင်းဆုံးပြင်ဆင်နေ တာလည်း တွေ့မြင်ရပါတယ်။

play

 

ပြိုင်ပွဲကြို ပြင်ဆင်မှုအဖြစ် လာမယ့် ဇွန်လမှာ ထိုင်းနိုင်ငံကို ခြေစမ်းပွဲများယှဉ်ပြိုင်ကစားဖို့ သွားရောက်မှာ ဖြစ်ပြီး ထိုင်းအမျိုးသမီး လက်ရွေးစင် အသင်းအပါအ၀င် ထိုင်းအမျိုးသမီး ကလပ်အသင်း ၂ သင်းခန့်နှင့်လည်း ခြေစမ်းကစားနိုင်ရေး နှစ်ဖက် ဘောလုံးအဖွဲ့ချုပ်များ ညှိုနှိုင်းဆောင် ရွက်နေတယ်လို့ သိရပါတယ်။

မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့မှာ နောက်ဆုံးတွေ့ဆုံမှုအဖြစ် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းက မြန်မာနိုင်ငံမှာ ခြေစမ်းပွဲကစားခဲ့စဉ်ကတော့ ဂိုးမရှိသရေကျခဲ့ပြီး ဆီးဂိမ်းတွေ့ဆုံမှုတုန်းကတော့ ထိုင်းအသင်းက ၃-၂ ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။

ထိုင်းနိုင်ငံခြေစမ်းခရီးစဉ်ပြီးပါက အပြီးသတ်လူစာရင်းကို ထုတ်ပြန်မည်ဖြစ်သလို ပြိုင်ပွဲကျင်းပမယ့် အင်ဒိုနီးရှားနိုင်ငံကိုလည်း သတ်မှတ်ရက် ထက်ပိုမိုစောသွားရောက်ကာ အင်ဒိုနီးရှားအသင်းနဲ့လည်း ပြိုင်ပွဲကြို ခြေစမ်းပွဲ တစ်ပွဲ(သို့)နှစ်ပွဲ ကစားသွားဖို့ ရှိသေးတယ်လို့လည်းသိရပါတယ်။

ပြိုင်ပွဲကိုတော့ လာမယ့်ဇွန်လ ၃၀ ရက်နေ့ကနေ ဇူလိုင်လ ၁၃ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ပလန်းမြို့မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး မြန်မာအ သင်းဟာ အိမ်ရှင် အင်ဒိုနီးရှား၊ဗီယက်နမ်၊ဖိလစ်ပိုင်၊စင်ကာပူအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

Source- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD