AD
AD
AD

ပတ္တယားအသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာရရှိခဲ့တဲ့ ကျော်ကိုကိုရဲ့ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ပြီး ယခုအခါ ခွဲစိတ်မှု အောင်မြင်ခဲ့ပြီလို့ သိရပါတယ်။

play

 

ကျော်ကိုကိုအနေနဲ့ ဒူးအရွတ်စုတ်ပြဲတဲ့ ဒဏ်ရာကို ခံစားခဲ့ရတာ ဖြစ်ပြီး ခွဲစိတ်ကုသမှုကိုတော့ ထိုင်းနိုင်ငံမှာပင် ယမန်နေ့က ပြုလုပ်ခဲ့ရာမှာတော့ အောင်မြင်မှုရရှိခဲ့တယ်လို့ ၎င်းရဲ့ နီးစပ်ရာ ပတ်ဝန်ကျင်းမှ သိရပါတယ်။

play

 

"ခွဲပေးတဲ့ဆရာဝန်ကလဲ အားကစားသမားတွေရဲ့ထိပ်တန်းအဆင့်ရှိဆရာဝန်ပါ ကစားသမားကိုယ်တိုင်ကလည်း ကြံ့ခိုင်မှုကောင်းတဲ့သူဖြစ်ပီး သန်မာတဲ့ခြေထောက်အနေအထားရှိတာကြောင့် မြန်မြန်ပြန်ကောင်းပီး လေ့ကျင့်ခန်းတွေ ပြန်လုပ်နိုင်မှာပါ" လို့`ကျော်ကိုကိုနဲ့ နီးစပ်သူ တစ်ဦးက ထုတ်ဖော်ပြောထားပါတယ်။

ကျော်ကိုကိုအနေနဲ့လည်း ကြံ့ခိုင်မှု ပြန်လည်ရရှိဖို့ အကောင်းဆုံး ကြိုးစားနေပြီး လာမယ့် ဆူဇူကီးဖလားပြိုင်ပွဲကို ပါဝင်နိုင်ဖို့အတွက် အဓိက ကြိုးစားသွားမယ်လို့ ထုတ်ဖော်ပြောလာပါတယ်။

"အခက်ခဲဆုံးအချိန်တွေကို ရင်ဆိုင်နေရပါတယ်။စိတ်ဓာတ်မကျအောင် ကိုယ့်ကိုယ်ကို အမြဲအားပေးပြီး နေထိုင်နေပါတယ်။ဆူဇူကီးဖလားပြိုင်ပွဲ အမီ ပြန်ကောင်းလာဖို့ ကြိုးစားသွားမှာပါ။" လို့ ပြောခဲ့ပါတယ်။

ယခု ခွဲစိတ်မှုကုန်ကျစရိတ်များကို ၎င်းရဲ့ ကလပ်အသင်း ချင်းရွိုင်အသင်းက ကျခံပေးသွားတာ ဖြစ်ပြီး ၎င်းမှာ တစ်ရာသီအငှားနဲ့ ရန်ကုန်ယူနိုက် တက်အသင်းကနေ သွားရောက်ကစားနေခြင်းလည်း ဖြစ်ပါတယ်။

Source- Chiangrai United

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD