AD
AD
AD

ဧပြီလအတွက် ကမ္ဘာ့ဘောလုံးအဆင့် သတ်မှတ်ချက်မှာတော့ မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းဟာ အဆင့် ၇ ဆင့်အထိ မြင့် တက်လာခဲ့ပါတယ်။

play

 

မြန်မာအသင်းအနေနဲ့ ယခင်လက အဆင့် ၁၄၂ မှာ ရပ်တည်နေခဲ့ပေမယ့်လည်း ယခုအခါ အဆင့် ၁၃၅ အထိ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါ တယ်။

play

 

အကြောင်းကတော့ မြန်မာအသင်းအနေနဲ့ မတ်လအတွင်းက ကစားခဲ့တဲ့ ဖီဖာအသိအမှတ်ပြု အာရှဖလား ခြေစစ်ပွဲစဉ်နှစ်ပွဲမှာ ၁ ပွဲနိုင်ပြီး ၁ ပွဲရှုံး နိမ့်ခဲ့တာကြောင့်လည်း ယခုလို အဆင့် မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ အာရှအဆင့်မှာလည်း အဆင့် ၂၇ အထိ မြင့်တက်ရပ်တည်နိုင်ခဲ့သော်လည်း အာဆီယံအဆင့် သတ်မှတ်ချက်မှာတော့ မူလ အတိုင်း အဆင့် ၄ နေရာမှာပင် ပုံစံမပျက် ဆက်လက်ရပ်တည်ထားနိုင်တာလည်း ဖြစ်ပါတယ်။

အာဆီယံဒေသတွင်းမှာတော့ ဗီယက်နမ်အသင်းက ကမ္ဘာ့အဆင့် ၁၀၃နဲ့ အဆင့် ၁ နေရာမှာလည်းကောင်း၊ဖိလစ်ပိုင်အသင်းက ကမ္ဘာ့အဆင့် ၁၁၃ နဲ့ အဆင့် ၂ နေရာမှာလည်းကောင်း၊ထိုင်းအသင်းက ကမ္ဘာ့အဆင့် ရပ်တည်မှု ၁၂၂ နဲ့ အဆင့် ၃ နေရာမှာလည်းကောင်း အသီးသီး ရပ် တည်နေကြတာလည်း ဖြစ်ပါတယ်။

Source- FIFA.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD