AD
AD
AD

AYA Bank ရဲ့ အစီအစဉ်နဲ့ အင်္ဂလန်ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်အသင်းအနေနဲ့ မြန်မာနိုင်ငံကို ခြေစမ်းပွဲကစားဖို့ လာမယ့်မေလမှာ ရောက်ရှိလာမယ်လို့ သိရပါတယ်။

play

 

AYA Bank Tour 2018 အဖြစ်ခြေစမ်းပွဲများ လာရောက်ကစားမှာ ဖြစ်ပြီး လက်ရှိ အင်္ဂလန်ချန်ပီယံရှစ်မှာ ပါဝင်ကစားနေတဲ့ အဓိက ကစားသမားများအားလုံးနီးပါး ပါဝင်လာမယ်လို့လည်း သိရပါတယ်။

play

 

လိဒ်ယူနိုက်တက်အသင်းလို အင်္ဂလန်ချန်ပီယံရှစ်ကလပ်အသင်းတစ်သင်းကို ယခုလို မြန်မာနိုင်ငံကို ဖိတ်ကြားနိုင်ခဲ့ခြင်းမှာ မြန်မာ့ဘောလုံး သမိုင်းတစ်လျှောက် ပထမဆုံးသော အင်္ဂလန်ကလပ်အသင်းတစ်သင်းကို ဖိတ်ကြားနိုင်ခဲ့ခြင်းလည်း ဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးထံမှ သိရပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ယခင်ကလည်း အခြားသော ဥရော တစ်လွှားမှ ကလပ်အသင်းများနဲ့ နိုင်ငံအသင်းများကို ဖိတ်ကြားထား ဖူးခဲ့ပေမယ့်လည်း ယခုလို အင်္ဂလန်ကလပ်အသင်းတစ်သင်းကိုတော့ ဖိတ်ကြားနိုင်ခြင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ခဲ့ပါတယ်။

လိဒ်ယူနိုက်တက်အသင်းရဲ့ရှေ့မှာ အနီးကပ်ဆုံးလာရောက်ကစားခဲ့တဲ့ အသင်းအချို့ကတော့ အင်တာမီလန် လူငယ်အသင်း၊နယူးဇီလန် လက်ရွေးစင်အသင်း၊ အစရှိတဲ့အသင်းများနဲ့ အခြားသော ဂန္တ၀င်ကစားသမားကြီးများ  လာရောက်ကစားခဲ့ဖူးပါသေးတယ်။

ယခုလို ဖိတ်ကြားမှုကို AYA Bank က အဓိက ကူညီပံ့ပိုးပေးထားတယ်လို့ သိရပြီး လိဒ်ယူနိုက်တက်အသင်းအနေနဲ့ မြန်မာနိုင်ငံမှ ခြေစမ်းပွဲ ၂ ပွဲ ကစားသွားမယ်လို့ သိထားရပြီး မေလ ၇ ရက်နေ့တွင် မြန်မာကို ရောက်ရှိမယ်လို့ သိရပါတယ်။

အဲ့နောက် မေလ ၉ ရက်နေ့မှာတော့ မြန်မာနေရှင်နယ်လိဂ် ALL Star အသင်းနဲ့လည်းကောင်း၊ မေလ ၁၁ ရက်နေ့မှာတော့ မြန်မာာ့လက်ရွေးစင် အသင်းနဲ့လည်းကောင်း ခြေစမ်းပွဲများအဖြစ် အသီးသီးကစားသွားမှာလည်း ဖြစ်ပါတယ်။

မေလ ၉ ရက်နေ့မှာ ကစားမယ့် ပွဲစဉ်ကိုတော့ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကစားသွားမှာ ဖြစ်ပြီး မေလ ၁၁ ရက်နေ့ပွဲစဉ်ကိုတော့ မန္တလေး မြို့မှာ ကစားသွားမယ်လို့ သိထားရပါတယ်။

လိဒ်ယူနိုက်တက်အသင်းဟာ လက်ရှိမှာ အသင်းပေါင်း ၂၄ သင်းပါဝင်ယှဉ်ပြိုင်လျက် ရှိတဲ့  အင်္ဂလန် ချန်ပီယံရှစ် ၂၀၁၈ ရာသီမှာ ပွဲစဉ် ၄၃ ပွဲကစားပြီး ရမှတ် ၅၄ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၁၄)တွင်ရပ်တည်လျက်ရှိနေတဲ့အသင်းလည်း ဖြစ်ပါတယ်။

ယခုလို လိဒ် ယူနိုက်တက်အသင်းကို ခေါ်ဆောင်နိုင်ဖို့အတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ သိန်းခွဲလောက် အသုံးပြုခဲ့ရတယ်လို့ သိရပြီး လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ကလပ်အသင်းတစ်သင်းသင်းကို ခေါ်ဆောင်နိုင်ဖို့ဆိုရင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၄ သန်းမှ ၅ သန်းအထိ သုံးစွဲရမှာ ဖြစ်ပြီး အနည်းဆုံး ၃ ၊ ၄ နှစ်လောက် ကြိုတင်ညှိုနှိုင်းဖို့ လိုတယ်လို့လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးထံမှ သိရပါတယ်။

မြန်မာနိုင်ငံကို AYA Bank Tour 2018 ပွဲစဉ်များ လာရောက်ကစားမယ့် လိဒ်ယူနိုက်တက် အသင်းပွဲစဉ်များအတွက် ကွင်းဝင်ကြေးများကိုမူ ၄၀၀၀ ကျပ်၊ ၃၀၀၀ ကျပ်၊ ၂၀၀၀ ကျပ်မျှသာ သက်မှတ်ထားတယ်လို့ သိရပါတယ်။

Source- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD