AD
AD
AD

လစ်လပ်လျက်ရှိနေတဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်နေရာအတွက် လက်ရှိမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ရှာဖွေလျက်ရှိ နေပြီး အမြန်ဆုံးခန့်အပ်နိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

play

 

လက်ရှိမှာတော့ မြန်မာ့လက်ရွေးစင်အသင်းထံ နည်းပြချုပ် ရာထူးအတွက် လာရောက်လျှောက်ထားသူ နိုင်ငံတကာမှ နည်းပြပေါင်း ၅၀ ယောက် နီးပါးအထိ ရှိနေတယ်လို့ သိရပြီး အဖွဲ့ချုပ်ဖက်မှ ခန့်အပ်နိုင်ရေး စိစစ်နေတယ်လို့ သိရပါတယ်။

play

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ လစ်လပ်လျက်ရှိတဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် ရာထူးအတွက် နည်းပြတစ်ဦးကို အမြန်ဆုံး ခန့်အပ်သွားမယ်လို့ ထုတ်ပြန်ထားပြီး ယခုလာမယ့် မေလအတွင်းကစားဖို့ရှိနေတဲ့ လိဒ်ယူနိုက်တက်အသင်းနဲ့ ခြေစမ်းပွဲမတိုင်မီ ခန့်အပ်နိုင်ဖို့ များ နေတယ်လို့လည်း ထုတ်ဖော်ပြောလာခဲ့ပါတယ်။

"အမြန်ဆုံးခန့်အပ်နိုင်ဖို့ ကြိုးစားနေပါတယ်။မေလအတွင်း ကစားရမယ့် လိဒ်ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မတိုင်မီ ခန့်အပ်နိုင်ဖို့တော့ များပါတယ်။ လောလောဆယ်တော့ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ပြန်ပေးဖို့ စောပါသေးတယ်။မကြာခင်မှာတော့ ကျွန်တော်တို့ဖက်က ထုတ်ပြန်နိုင်ရေး ကြိုး စားပေးသွားပါမယ်။" လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ အင်္ဂလန်ချန်ပီယံရှစ် ကလပ် လိဒ်ယူနိုက်တက်အသင်းကို ဖိတ်ခေါ်ထားပြီး မြန်မာနိုင်ငံမှာ ခြေစမ်းပွဲိ ၂ ပွဲ ကစားသွားမယ်လို့ သိရပါတယ်။

အဆိုပါ ခြေစမ်းပွဲ ၂ ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲကိုမူ မေလ ၁၁ ရက်နေ့တွင် မန္တလေးမြို့ မန္တလာသီရိကွင်းအတွင်း ကျင်းပ သွားမယ်လို့ သိရပါတယ်။

Photos- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD