AD
AD
AD

MFF Futsal Open Cup 2018 ပြိုင်ပွဲရဲ့ ချန်ပီယံ အသင်းဖြစ်တဲ့ MIC FC အသင်းသွားရောက် ယှဉ်ပြိုင်ရမယ့် ၂၀၁၈ အာဆီယံ ဖူဆယ်ကလပ် ချန်ပီယံ ရှစ်ပြိုင်ပွဲ ပွဲစဉ်များ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

play

 

MIC FC အသင်းအနေနဲ့ ပြိုင်ပွဲမှာ အုပ်စု (က)အတွင်း ကျရောက်နေပြီး  ဘရူနိုင်းကလပ် Arbisyam FC ၊ ကမ္ဘောဒီးယား ကလပ် U.Y.F.C Komchaymear ၊ သြစတြေးလျ ကလပ် East Coast Heat FC အသင်းတို့ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

အုပ်စု(ခ)မှာတော့ ထိုင်းကလပ် Bankok BTS FC ၊ မလေးရှား ကလပ် Melaka United Soccer Association၊ အင်ဒိုနီးရှား IDN Futsal League ပြိုင်ပွဲရဲ့ ဒုတိယရရှိမယ့် အသင်းနဲ့ ဗီယက်နမ် ကလပ် Sanatech Khanh Hoa FC အသင်းတို့ ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။

ပြိုင်ပွဲကိုတော့ ဇူလိုင်လ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့ အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာ မြို့မှာ ကျင်းပသွားမှာ ဖြစ်ပြီး အုပ်စုပွဲစဉ်များကိုမူ ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ နေ့စဉ် အပြီးသတ် ကျင်းပသွားမယ်လို့လည်းသိရပါတယ်။

MIC FC အသင်းအနေနဲ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ ဘရူနိုင်းကလပ် Arbisyam FC အသင်းနှင့် လည်းကောင်း၊ ဇူလိုင်လ ၁၆ ရက်နေ့မှာ ကမ္ဘောဒီးယား ကလပ် U.Y.F.C Komchaymear အသင်းနှင့် လည်းကောင်း၊ ဇူလိုင်လ ၁၇ ရက်နေ့မှာ သြစတြေးလျ ကလပ် East Caost Heat FC အသင်းနှင့် လည်းကောင်း ယှဉ်ပြိုင်ကစားရမှ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ် အဆင့်ပွဲစဉ်များကိုတော့ လာမယ့်  ဇူလိုင်လ ၁၉ ရက်နေ့မှာဆက်လက် ကျင်းပသွားမယ်လို့ သိရပြီး တတိယ နေရာလုပွဲနဲ့ ဗိုလ်လုပွဲစဉ်ကိုမူ ဇူလိုင်လ ၂၁ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD