AD
AD
AD

ယနေ့ ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ထိုင်းလိဂ်(၁)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Air Force Central အသင်းနဲ့ Police Tero အသင်းတို့ ပွဲစဉ်မှာတော့ Police Tero အသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

play

 

ဦးဆောင်ဂိုးကို Air Force Central အသင်းက ပွဲကစားချိန် ၇၅ မိနစ်မှာ သွင်းယူနိုင်ခဲ့ပေမယ့်လည်း Police Tero အသင်းအတွက် ချေပဂိုးကို တော့ အန်ဒရေက ၃ မိနစ်အကြာမှာပင် ပြန်လည်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

play

 

ဆက်လက်ပြီး တစ်ဖက်တစ်ဂိုးစီ ဆက်လက်ကစားနေခဲ့ရာ နာကျင်အချိန်ပို ၃မိနစ် သတ်မှတ်ပေးချိန်မှာတော့ ပွဲချိန် ၉၂ မိနစ် အရောက်မှာ Police Teroအသင်း တိုက်စစ်မှူး အောင်သူက နောက်ခံလူနဲ့ ဂိုးသမားကို လှည့်စားကာ ဘယ်ခြေဖြင့် ဂိုးသမား ပေါင်ကြားထဲ ကန်သွင်းရယူ ကာ Police Tero အသင်းကို အနိုင်ရစေခဲ့တာလည်း ဖြစ်ပါတယ်။

ယခုပွဲမတိုင်မီကမှ အောင်သူကိုGoal.comက ဧပြီလ အတွက် ထိုင်းလိဂ်(၁) အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ထားခဲ့ရာ အဆိုပါဆုနဲ့ ထိုက်တန်ကြောင်းကို အောင်သူက သွင်းဂိုးနဲ့အတူ ထပ်မံ သက်သေပြလိုက်သလို ဖြစ်ခဲ့ပါတယ်။

ယခုပွဲအနိုင်ကြောင့် Police Teroအသင်းအနေနဲ့ ၁၄ ပွဲကစားအပြီး ရမှတ် ၂၀ မှတ်ဖြင့် အဆင့် ၁၂ နေရာအထိ တက်လှမ်းရပ်တည်ထားနိုင်ပြီ ဖြစ်ကာ တိုက်စစ်မှူး အောင်သူမှာလည်း အသင်းအတွက် သွင်းဂိုး ၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Source- Police Tero

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD