AD
AD
AD

Goal.com က ရွေးချယ်ပေးအပ်ခဲ့တဲ့ ဧပြီလအတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို Police Tero အသင်းမှ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူက ဆွတ်ခူး ရရှိခဲ့ပါတယ်။

play

 

လက်ရှိမှာလည်း မနေ့က ကစားခဲ့တဲ့ AIR FORCE CENTRAL အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာလည်း အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြန်ပါတယ်။

play

 

အောင်သူအနေနဲ့ ထိုင်းလိဂ်(၁)ကို ယခုနှစ် ဘောလုံးရာသီမှ စတင်ကာ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး ထိုင်းလိဂ်(၁)ကို ရောက်ရှိလာခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

၎င်းအနေနဲ့ ထိုင်းလိဂ်(၁) ကလပ် Police Tero အသင်းကို ရောက်ရောက်ချင်းမှာပင် အသင်းနဲ့ အထိုင်ကျကာ သွင်းဂိုးများ သွင်းယူထားနိုင်ခဲ့သ လို ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်ပါတယ်။

လိဂ်ပွဲစဉ် ၁၄ ပွဲကစားပြီးချိန်မှာတော့ အသင်းအတွက် ၈ ဂိုးအထိသွင်းယူပေးထားပြီးကာ ၂ ဂိုးဖန်တီးပေ့းထားနိုင်ပြီလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ အတွင်းမှာပဲ အောင်သူဟာ အသင်းအတွက် တစ်ဦးတည်း ၅ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့သလို ယခုအခါ ထိုင်းလိဂ် အဖွဲ့ အစည်းက ရွေးချယ်ပေးအပ်မယ့် ဧပြီလအတွက် တစ်လတာ အကောင်းဆုံး သွင်းဂိုးဆုရှင် ဆန်ကာတင်စာရင်းမှာလည်းထပ်မံ ပါဝင်လာခဲ့ ပြန် ပါတယ်။

ယခုသွင်းဂိုးဆုကို ပေးအပ်ဖို့အတွက် ထိုင်းလိဂ်အဖွဲ့အစည်းမှ ပရိသတ်များရဲ့ မဲစနစ်ကို အဓိကထား အသုံးပြုသွားဖွယ်ရှိနေပြီး မေလ ၄ ရက်နေ့ မှစတင်ကာ မေလ ၁၀ ရက်နေ့အထိ vote ပေးနိုင်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ မဲစနစ်ရွေးချယ်မှုအရ Police Tero အသင်းမှ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူက ထိပ်ဆုံးမှ ဦးဆောင်နေပြီး ၎င်း ရဲ့ နောက်မှာတော့ ဟာဘာတီ ဖာန်ဒက်၊ဆူမန်ယာ၊ချူတီပေါလ်၊အလက်ဇန္ဒားတို့က အဆင့်ဆင့် မဲပေးခြင်းခံထားရပါတယ်။

အောင်သူမှာ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကိုလည်း ၄ ကြိမ်အထိ ရရှိထားပြီ ဖြစ်သလို တစ်လတာ အကောင်းဆုံးဆု တစ်ကြိမ် နဲ့ ယခု တစ်လတာ အကောင်းဆုံး သွင်းဂိုးရှင်ဆုကိုလည်းရရှိဖို့ ထိပ်ဆုံးက ရေပန်းစားနေပြန်ပါတယ်။

Source- Thai League

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD