AD
AD
AD

ယနေ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာအသင်းနဲ့ စင်ကာပူအသင်းတို့ရဲ့ အာဆီယံ အမျိုးသမီး ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာအသင်းက ၇-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play
မလေးရှားကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲ မြင်ကွင်း

 

မြန်မာအသင်းအတွက် သွင်းဂိုးတွေကိုတော့ ဆွေမာအောင် တစ်ဦးတည်းက ၅ ဂိုးနဲ့ အသင်းခေါင်းဆောင် မြတ်နိုးခင်က ၂ ဂိုးသွင်းယူပေးခဲ့တာ လည်း ဖြစ်ပါတယ်။

play
စင်ကာပူအသင်းကို ၇-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲ မြင်ကွင်း။

 

မြန်မာအသင်းအနေနဲ့ ယခုပွဲစဉ်မတိုင်မီ ရမှတ် ၄ မှတ်သာရရှိထားတာ ဖြစ်ပြီး ယခုပွဲစဉ် အနိုင်ရလဒ်က ဆီမီးဖိုင်နယ် တက်ရောက်ရေး အရေးပါ နေတာ ဖြစ်တာကြောင့်လည်း မြန်မာအသင်း အကောင်းဆုံး ယှဉ်ပြိုင်ကစားခဲ့တာ တွေ့ရပါတယ်။

လက်ရှိမှာတော့ မြန်မာအသင်းဟာ နှစ်ပွဲနိုင် တစ်ပွဲသရေ ရမှတ် ၇ မှတ်ရရှိထားပြီ ဖြစ်ပြီး ဗီယက်နမ်အသင်းထက် ရဂိုးပိုမို သာလွန်နေ တာကြောင့် ဗီယက်နမ်အသင်းနဲ့ ရမှတ်တူ အုပ်စု ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။

မြန်မာအသင်းမှာ ပထမပွဲစဉ်မှာ ဗီယက်နမ်နဲ့ ဂိုးမရှိ သရေကျခဲ့ပြီး ဒုတိယပွဲစဉ်မှာ မလေးရှားအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ယူကာယခုပွဲစဉ်မှာ တော့ ၇-၁ ဂိုးနဲ့ ထပ်မံ အနိုင်ရခဲ့တာကြောင့်စုစုပေါင်း ရဂိုး ၉ ဂိုး ပေးဂိုး ၂ ဂိုးသာရှိပြီး ဗီယက်နမ်အသင်းကတော့ ရဂိုး ၇ ဂိုး ပေးဂိုး မရှိပဲ မြန် မာအသင်းက ရဂိုး ပိုမို များနေတာကြောင့် အုပ်စု ပထမဖြင့် ဦးဆောင်နေတာ လည်းဖြစ်ပါတယ်။

အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် လာမယ့် မေလ ၉ ရက်နေ့မှာ မြန်မာအသင်းက ဖိလစ်ပိုင်းအသင်းနဲ့ ကစားရမှာ ဖြစ်ပြီး ဗီယက်နမ်အသင်းကတော့ မလေးရှားအသင်းနဲ့ ကစားရမှာလည်း ဖြစ်ပါတယ်။

ဖိလစ်ပိုင်အသင်းကို ဗီယက်နမ်အသင်းက ၃-၀ ဂိုးဖြင့်သာ အနိုင်ယူထားနိုင်ပြီး မြန်မာအသင်းအနေနဲ့ အုပ်စု ပထမဖြင့် နောက်တစ်ဆင့် တက် ရောက်နိုင်ဖို့ ဖိလစ်ပိုင်အသင်းဖက်ကို ဂိုးရနိုင်သလောက် များများ သွင်းယူနိုင်ဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

တစ်ဖက်အုပ်စုမှာတော့ ထိုင်းအသင်းက အုပ်စု ပထမဖြင့် ဆီမီးဖိုင်နယ်ကို တက်ရောက်ထားနှင့်ပြီး ဖြစ်ပြီး လာအိုအသင်းက အုပ်စု ဒုတိယ ရရှိ ခဲ့တာကြောင့်ဆီမီးဖိုင်နယ်မှာ ကြိုစောင့်နှင့်ပြီလည်း ဖြစ်ကာ မြန်မာအသင်းအနေနဲ့ အုပ်စု ပထမရပါက ဆီမီးဖိုင်နယ်မှာ လာအိုအသင်းနဲ့ ကစား ရမှာ ဖြစ်ပေမယ့် အုပ်စု ဒုတိယသာ ရခဲ့ပါက ထိုင်းအသင်းနဲ့ တွေ့ဆုံမှာလည်း ဖြစ်ပါတယ်။

Source- AFF.cmo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD