AD
AD
AD

ယနေ့ညနေ ၆ နာရီမှာတော့ AYA BANK TOUR 2018  အစီအစဉ်နဲ့ ရောက်ရှိလာတဲ့ လိဒ်ယူနိုက်တက်အသင်းနဲ့ မြန်မာနေရှင်နယ်လိဂ် ညွန့် ပေါင်းအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာမှာတော့ မြန်မာနေရှင်နယ်လိဂ် ညွန့်ပေါင်းအသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

play

 

ပွဲထွက်စာရင်းမှာတော့ မြန်မာနေရှင်နယ်လိဂ် ညွန်ပေါင်းအသင်းဟာ ပြည်ပ ကစားသမားများနဲ့ ပြည်တွင်းကစားသမားများကို အချိုးကျ တွဲဖက် ပေးခဲ့ပြီး လိဒ်ယူနိုက်တက်အသင်းကို ရင်ဆိုင်ခဲ့ရာမှာတော့ ပထမပိုင်း ပွဲချိန် ၂၂ မိနစ်အရောက်မှာတော့ စည်သူအောင်ရဲ့ ဘယ်ခြမ်းဖြတ်တင် ပေးပို့မှုကနေ ရှေ့မှာ အသင့်နေရာယူထားတဲ့ ဂျိုးဇက်က ခေါင်းတိုက်သွင်းယူကာ လိဒ်ယူနိုက်တက်အသင်းကို ဦးဆောင်နိုင်ခဲ့ပါတယ်။

play

 

ဒါပေမယ့်လည်း မြန်မာနေရှင်နယ်လိဂ် ညွန့်ပေါင်းအသင်းရဲ့  ဦးဆောင်မှုဟာ ၄ မိနစ်ပဲ ကြာခဲ့ပြီး ပင်နယ်တီပြစ်ဒဏ်ဘော ပြန်လည်ပေးလိုက်ရ ကာအဆိုပါ ဂိုးကိုတော့ ဆင်မြူရယ်က တည်တည်ငြိမ်ငြိမ်ပဲ သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မြန်မာအသင်းကသာ ဦးဆောင်ဂိုး ထပ်မံ ရရှိခဲ့ပြီး တိုက်စစ်မှူး ခရစ္စတိုဖာက ပင်နယ်တီပြစ်ဒဏ်ဘောကတဆင့် သွင်းယူ ပေးခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာပြည်ခြေစမ်းခရီးစဉ်အတွက် လိဒ်ယူနိုက်တက်အသင်းဟာ အဓိက ကစားသမား အချို့ကို ခေါ်ဆောင်လာခဲ့ခြင်းမရှိပေမယ့်လည်း အသင်း နဲ့အတူ ပွဲထွက်ကစားနေတဲ့ ကစားသမားအများစု ပါဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။

ယခုပွဲစဉ်မှာ ညနေ ၆ နာရီမှ စတင်ယှဉ်ပြိုင်ကစားတာ ဖြစ်သော်လည်း အအေးပိုင်းဇုန်မှ လာရောက်ကစားတဲ့ လိဒ်ယူနိုက်တက်အသင်းအတွက် မြန်မာနိုင်ငံရဲ့ ရာသီဥတုဟာ ပုံမှန်ထက် ပိုမို ပူပြင်းနေတာကြောင့် ပွဲချိန်အတွင်း အနားပေးမှု များ မကြာခဏ ပြုလုပ်နေရတာကိုလည်း တွေ့ မြင်ရပါတယ်။

၁၉၃၆ ခုနှစ်တုန်းက မြန်မာနိုင်ငံကို အာဆင်နယ်အသင်း လာရောက်ခြေစမ်းကစားခဲ့ဖူးတယ်လို့သိရပြီး လိဒ်ယူနိုက်တက်အသင်းဟာ မြန်မာနိုင်ငံကို နှစ်ပေါင်း ၈၀ ကျော်အကြာမှ ခြေစမ်းပွဲ ကစားဖို့ ပြန်လည်ရောက်ရှိလာခဲ့တဲ့ အင်္ဂလန်ကလပ်အသင်းတစ်သင်းလည်းဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်အသင်းရဲ့ မြန်မာပြည်ခြေစမ်းခရီးစဉ် ဖြစ်ပေါ်လာဖို့အတွက် ဧရာဝတီဘဏ်က အဓိက ကူညီပံ့ပိုးပေးထားတာ ဖြစ်ပြီး ငွေကျပ် သိန်း ၆၀၀၀ခန့် ကုန်ကျထားတယ်လို့လည်းသိရပါတယ်။

လာမယ့် မေလ ၁၁ ရက်နေ့မှာတော့ မန္တလေးမြို့ မန္တလာသီရိအားကစားကွင်းအတွင်း ဒုတိယမြောက် ခြေစမ်းပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် အသင်းနဲ့ လိဒ်ယူနိုက်တက်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားအုံးမှာလည်း ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်ကိုလည်းယခုပွဲစဉ်လိုပင် မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်ပြသပေးသွားမှာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD