AD
AD
AD

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံ အမျိုးသမီး ယူ-၁၆ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာတော့ မြန်မာနဲ့ထိုင်း တွေ့ဆုံခဲ့ ပြီး ထိုင်းအသင်းက တစ်လုံးတည်းသောာ သွင်းဂိုးနဲ့ ဗိုလ်စွဲခဲ့ပါတယ်။

play

 

ပထမပိုင်းမှာ ဂိုးမရှိ သရေဖြစ်နေပေမယ့် ဒုတိယပိုင်း ပြန်စတင်ချိန် ၆ မိနစ်မှာပဲ ထိုင်းအသင်းက အဖွင့်ဂိုးရခဲ့ပါတယ်။ဒီဂိုးကိုတော့ ပြစ်ဒဏ်ဘော တင်ပေးလိုက်တဲ့ဘောလုံးကို နှစ်ဆင့်ပိတ်သွင်းယူသွားခဲ့တာလည်း ဖြစ်ပါတယ်။

play

 

မြန်မာအသင်းအနေနဲ့ အုပ်စုတွင်းမှာ ဗီယက်နမ်၊မလေးရှား၊ဖိလစ်ပိုင်၊စင်ကာပူအသင်းတို့နဲ့ အတူကျရောက်ခဲ့ကာ ရှုံးပွဲမရှိ တစ်ပွဲသရေ ၃ ပွဲနိုင် ဖြင့် ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်မှာတော့ လာအိုအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူကာ ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

တတိယနေရာလုပွဲမှာတော့ ဗီယက်နမ်အသင်းက လာအိုအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မြန်မာအသင်းအနေနဲ့ ယခုပြိုင်ပွဲအတွက် ပြင်ဆင်ချိန် ၃ ပတ်ခန့်သာ ရရှိခဲ့တယ်လို့ သိထားရပြီး အာရှ ယူ-၁၆ ပြိုင်ပွဲအတွက် အတွေ့အကြုံ ရရှိစေဖို့လောက်သာ ရည်ရွယ်ယှဉ်ပြိုင်မှာလို့ မြန်မာအသင်း နည်းပြချုပ်က ပြိုင်ပွဲအကြို ပြင်ဆင်ချိန်ကတည်းက ထုတ်ဖော်ပြောထားခဲ့ပါတယ်။

Source- AFF.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD